Royal Omega - 12

3.4K 245 60
                                    

တိတ်ဆိတ်လှတဲ့ တောလမ်းတစ်လျှောက် ခပ်နွမ်းနွမ်းအဝတ်ကို ဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက် တစ်နေရာကိုဦးတည်ပြီးသွားနေတယ်။ သူမက ရင်(မ်) ဆိုသောအမျိုးသမီး။

" ဂျောင်ကု..ငါလာတယ် "

ဝေါင်းးးး အူ..........!!

" ဘမ်! ငါပါ..ရင်(မ်)လေ မမှတ်မိဘူးလား "

ဝေါင်း!

သခင်ကထွက်မလာသေးခင် အပြင်မှာဝပ်နေတဲ့ ဘမ်ကအရင်ဦးအောင် ရန်ထောင်သည်။ ဘမ်က ရင်(မ့်)ကို အရင်ကတည်းကတွေ့တိုင်း ရန်ထောင်နေကျ။ အခုလဲ ထိုအတိုင်း။ ဘမ်က ရင်(မ့်) ကိုဘယ်တုန်းကမှ အမြင်မကြည်ပါ။

အစွယ်တွေထုတ်ပြကာ ' တဝေါင်းဝေါင်း ' လုပ်နေတဲ့ ဘမ်က တစ်ကယ်ကိုကြောက်ဖို့ကောင်းလှပါသည်။ ရင်(မ်) ရပ်နေတဲ့နေရာကနေ တစ်စက်ကလေးမှမရွေ့ရဲသေး..။

" ဂျောင်ကု ငါလာတယ်..ရင်(မ်) "

" ဘာလို့အော်ဟစ်နေတာလဲ.."

" နင့်ဘမ်ကိုကြည့်ဦးလေ! "

" နင့်ကိုဘာမှမလုပ်ဘူး!! ဘာကိစ္စလဲ.."

" နင့်ကိုသတိပေးစရာရှိလို့ "

" ဘာလဲ.."

တဲအိမ်ထဲကထွက်ခဲ့တဲ့ ဂျောင်ကုက အနက်ရောင်ဝတ်စုံနဲ့ဖြစ်ကာ ချောမောလွန်းတဲ့အသွင်ရှိ၏။

ဝေါင်းးးး!!

" ဘမ်! တိတ်စမ်း..သွာ! အထဲဝင်! "

သခင့်စကားကိုကြားတော့ တဲထဲကိုတန်းဝင်သွားသည်။

" ပြောလို့ရပြီ.."

" တော်ဝင်တိုင်းပြည်ထဲကို မဝင်ခဲ့ဖို့ပြောချင်လို့ "

" ဘာလို့လဲ"

" တစ်တိုင်းပြည်လုံးမှာ နင့်ပုံတူဆွဲထားပြီး ကပ်ထားတယ်။ ဖမ်းဆီးပေးနိုင်တဲ့သူကို ငွေစငါးထောင်ပေးမယ်လို့လဲ စာကပ်ထားတယ်။ အဲ့ဒါကြောင့် သတိရှိမှဖြစ်မယ်။ "

" ဟွန်း!! ငါ့ကိုလွယ်လွယ်ဖမ်းမိနိုင်မယ်ထင်လို့လား.."

" လွယ်လွယ်မတွက်နဲ့.."

" ဒါနဲ့..နေပါဦး..နန်းတော်ထဲကခိုးထွက်လာတာလား "

" အင်း ..ဟုတ်တယ်.."

Royal Omega Become My Mate [Completed] Where stories live. Discover now