Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၂၁) --------
"ခုနလေးတင် ထွက်သွားတာမဟုတ်လား
ဘာပြောစရာ ကျန်ခဲ့လို့လဲ"စိုက်ကြည့်ကာ Rainမေးလာတော့
သွေးက ဟန်တစ်ချက်မပျက်ဘဲနဲ့
ပြုံးကာ အသာခေါင်းရမ်းလိုက်ရင်း၊"ဟင့်အင်း ~ ဘာမှမရှိပါဘူး သွေးက...."
# Dee..#
ထိုစဥ်မှာပင် Rain၏ဖုန်းက တုန်ခါလာပြီး
Rainကခေါ်သူကိုကြည့်ကာ
ချက်ချင်းပင် ကောက်ကိုင်လိုက်တာမို့
သွေးကပြောမည့်စကားအား ရပ်တန့်လိုက်ရသည်။"အင်း.. ခန့်ပိုင် ပြော "
"........................"
ဖုန်းနားထောင်ရင်း ဒေါသထွက်နေသလို
Rainရဲ့မျက်လုံးတွေက တဖြည်းဖြည်း
ကျဥ်းမြောင်းသွားတော့သည်။သွေးက ထိုသည်အားမြင်တော့ အသာငြိမ်ကာ
အာရုံစိုက်လို့နားထောင်လိုက်ပေမဲ့
ဘာကိုမှတော့ သဲသဲကွဲကွဲ မကြားရ။
တစ်ခုတည်းသော ကြားလိုက်ရသည့်စကားက
Rainအား မည်သို့လာခဲ့ပါရန် ခန့်ပိုင်
ချိန်းဆိုနေသည့်စကားပင်။"ငါသိပြီ၊ အခုလာခဲ့မယ်"
ပြောပြီး ဖုန်းချကာ Rain ချက်ချင်းထရပ်တော့
သွေးက Rainလက်မောင်းအား ဆွဲကိုင်ကာ၊"မောင် အပြင်သွားမလို့လား "
"အင်း..ဟုတ်တယ်၊ အရေးကြီးကိစ္စပေါ်လာလို့
ဒါနဲ့ သွေး ခုန ဘာပြောစရာရှိလို့လဲ""ရတယ်၊ သွေးက အရေးမကြီးဘူး
မောင် သွားစရာရှိရင် သွားလေ၊
ဒီအတိုင်း ထမင်းစားဖော်မရှိလို့
အတူတူစားရအောင်လို့ လာခေါ်ရုံပဲ ""အွန်း.. ဒါဆိုလည်း မောင် သွားပြီ"
"ဒါနဲ့ မောင် ..အောက်ဆင်းမှာဆိုရင်
သွေးပါ လိုက်ခဲ့လို့ရမလား
သွေးလည်း ထမင်းစားဆင်းမှာပဲဆိုတော့လေ"Rainကမငြင်းပဲ၊ ခေါင်းညိတ်ပြလာတာမို့
သွေးကပြုံးကာပင် နောက်မှလိုက်လာခဲ့တော့သည်။.
.ဓာတ်လှေကားတံခါး တစ်ခါပွင့်တိုင်းမှာ
လည်ပင်းလေးဆန့်လို့
ငေးကြည့်နေတတ်သည့် နယောက
စားပွဲပေါ်မှ ထမင်းဗူးအားလည်း
မကြာခဏပင် ကိုင်ကြည့်နေတတ်သေးသည်။