နတ်နဂါးစစ်သည်
အခန်း ၂၁၅
( သောက်ရမ်း မိုက်ချက်ပဲ )
ဟွမ်ဟီ သည် စစ်မြေပြင်တွင် ဖြစ်ပျက်သွားသည်များကို မယုံမကြည်နိုင်ဖြစ်ကာ အံ့အားသင့်နေမိသည်။
သူ၏ ခြေထောက်မှာ ရုတ်တရက် ကျည်မှန်ခံလိုက်ရသော်လည်း ပြင်းထန်လှသည့် ဒဏ်ရာမျိုး မဟုတ်၍ ပြိုင်ပွဲမှ ထုတ်ပယ်မခံရခဲ့။ သို့သော် သူ၏ ဦးခေါင်းတည့်တည့်သို့ ထိမှန်သွားသည့် အခါတွင်မူ စနစ်မှ ထုတ်ပါယ်ခံရကြောင်း သတိပေး ပြောကြားလာသည်။
သူကိုယ်တိုင် ဖြစ်စဉ်တစ်ခုလုံးကို စက္ကန့်အနည်းငယ် ကြာသည့်တိုင် နားမလည်နိုင်သေးပေ။ ထို့နောက် သတိပေးသံကို ကြားတော့မှ သူ၏ ရဲဘော်များကို ပြေးကြရန် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ပြေးကြတော့... "
အသင်းသားများလည်း အဖွဲ့ခေါင်းဆောင် ထုတ်ပါယ်ခံလိုက်ရသည်ကို မြင်သောအခါ ပြေးရုံမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့။ မဟုတ်လျှင် သူတို့ပါ အလားတူ သုတ်သင်ခံရမည့် ဘေးကို ရင်စီးခံရနိုင်ပေသည်။
ဟွမ်ဟီ သည် စနိုက်ပါသမား ရှုချန်းရှိရာ အရပ်သို့ ကြည့်ကာ ချီးကျူး အသိအမှတ်ပြုသည့် သဘောဖြင့် လက်မထောင်ပြလိုက်၏။
ဗီဒီယိုဖိုင်ကို ပြန်ဖွင့်ကြည့်သောအခါတွင် ဟွမ်ဟီ က သူ၏ အသင်းသားများ နောက်တွင် အကာအကွယ်ယူ၍ ပြေးသွားခြင်းကြောင်း ဖော်ပြနေသည်။ ထိုစည်းမှာ တင်းကျပ်စွာ ဝန်းရံထားသောကြောင့် ရှုချန်းအနေဖြင့် သူ့အား ချိန်ပစ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သို့သော်လည်း သူ၏ ခြေထောက် ကျည်ထိခံရပြီးနောက်တွင် ပစ်လဲကျသွားပြီး၊ ဦးခေါင်းတွင်ပါ ထပ်ဆင့် အပစ်ခံရခြင်း ဖြစ်ကြောင်း ဗီဒီယိုတွင် မြင်လိုက်ရသောအခါ အားလုံး ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင် ဖြစ်သွားကြသည်။
ညွှန်ကြားရေးမှူး ရှီ သည် ထိုအပိုင်းကို မျက်လုံးများ မှေးကျဉ်းလျက် အချိန်အတော်ကြာအောင် ထပ်ခါတလဲလဲ ကြည့်နေမိသည်။ ထို့နောက်တွင် နည်းပညာရှင်ဖြစ်သူကို လှမ်းမေးလိုက်၏။
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasíaနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...