အခန်း(၃၁)
ကျွန်မ ရှင်နဲ့ အိမ်လိုက်ခဲ့မယ်။
Long Feiye မှာ ကျေနပ်သွားပုံရပြီး ဖြည်းညှင်းစွာ သောက်လိုက်သည်။ Han Yunxi မှာ အနည်းငယ် စိတ်လှုပ်ရှားစွာ ဂရုတစိုက်ကြည့်နေသည်။ သို့သော် Long Feiye မှာ သောက်ပြီးသည်နှင့် မည်သည့်စကားမှပြန်မပြောပဲ ကျန်လက်ဖက်ရည်ကို ခွက်ထဲထည့်ပြီးနောက် Han Yunxi အတွက် အိုးတစ်လုံးဖြင့် ကိုယ်တိုင်နှပ်ပြီး နောက်တစ်ခွက်တစ်ငှဲ့ပေးကာ သူမထံ ပေးလိုက်သည်။
သူ၏ လေသံတွင် အေးစက်မှု လျော့ပါးလာပြီး တည်ငြိမ်စွာ ပြောလာလေသည်၊ "နှစ်ခွက်စလုံးကို မြည်းကြည့်လိုက်။"
Han Yunxi မှာ အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီး ဂရုတစိုက် မြည်းစမ်းကြည့်လိုက်လျှင် အရသာ မတူသည်ကို တွေ့လိုက်ရသည်။ ထင်ရှားသည်မှာ၊ Long Feiye မှာ ၎င်းကို ပိုမိုကောင်းမွန်စွာ နှပ်ထားခြင်းပင်။
ထိုသူမှ လက်ဖက်နှပ်သည့် အချိန်တွင် စောင့်ကြည့်နေသည်။လက်ဖက်ရွက်မှာ အတူတူပင်။ ရေလည်း အတူတူပင်။ လုပ်ငန်းစဥ်မှာလည်း အတူတူပင်။ အရသာမှာ မည်သည့်အတွက်ကြောင့် ဤမျှမတူရသည်လဲ။
Han Yunxi မှာ အလျော့မပေးလိုပဲ နောက်ထပ်အိုးတစ်လုံးကို နှပ်လိုက်သည်။ သူမ မြည်းစမ်းကြည့်လိုက်လျှင် ဤအိုး၏ အရသာမှာ ယခင်အိုးနှစ်အိုးဖြင့် မတူသည်ကို တွေ့လိုက်ရလေသည်။ သူမက Long Feiye ကို မျက်မှောင်ကျုတ်ကာ လက်ဖက်ရည်ကို ငှဲ့၍ ထပ်မံ နှပ်လိုက်သည်။ သို့ရာတွင် ဤတစ်ခါတွင်လည်း မတူတော့ပြန်ပေ။
သူမ၏ မျက်ခုံးများမှာ ပို၍ပင် တင်းကျပ်လာကာ ဆက်ကြိုးစားလိုက်သည်။
Long Feiye မှာ သူမကို ဆက်၍ စိုက်ကြည့်နေပြီး ဘာ့ကြောင့်မှန်းမသိ ကြည့်နေရင်း ဖော်မပြနိုင်သော ခံစားချက်…. အနည်းငယ် စိတ်ဆင်းရဲပြီး အနည်းငယ် ဝမ်းနည်းမှု ခံစားရလိုက်သည်။ သူ၏ ရှေ့ရှိ အမျိုးသမီးကို အချိန်အတော်ကြာအောင် သိကျွမ်းခဲ့သကဲ့သို့၊ သူမကို ချစ်မြတ်နိုးမိသကဲ့သို့၊ သူမ အတွက် စိတ်မကောင်း ဖြစ်ရသကဲ့သို့ သူမ မျက်မှောင်ကျုတ်နေသည်ကို မမြင်ရက်နိုင်သကဲ့သို့ပင်။

YOU ARE READING
မြင်မြင်ချင်း အချစ်
Romanceဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။