အခန်း(၃၅)
ရည်းစားဟောင်းလား။
လူနာခန်းမှာ အလွန်တိတ်ဆိတ်နေသည်။
Han Yunxi နှင့် Long Feiye တို့နှစ်ယောက်မှာ ဆေးရုံကုတင်၏ ညာဘက်ခြမ်း၌ တစ်ယောက်၏ နောက်တွင် တစ်ယောက်မှ ရပ်နေကြပြီး အလွန်တိတ်ဆိတ်နေသည်။
ရုတ်တရက်။
Han Yunxi မှာ ဘေးရှိ ကုလားထိုင်ကို ဆွဲယူကာ ထိုင်ချလိုက်ပြီး Gu Qishao ကို ကြည့်လိုက်သည်။ အကယ်၍ မသိသူများမှ သူမကိုမြင်လျှင် သခင်လေးချီကို စောင့်ကြည့်ရန် ဤနေရာတွင် ရောက်နေသည့် မိသားစုဝင်တစ်ယောက်အနေဖြင့် သေချာပေါက်ထင်မြင်ကြလိမ့်မည်။ Long Feiye မှာ တင်းမာစွာ မျက်မှောင်ကျုတ်ကာ လှည့်ထွက်သွားသော်လည်း တစ်နည်းနည်းဖြင့် ပြန်လှည့်လာ၍ ဆေးရုံကုတင်၏ ဘယ်ဘက်ခြမ်းသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။
HanYunxi မှာ မော့ကြည့်လိုက်လျှင် မျက်လုံးချင်းဆုံမိသွားတော့သည်။
Long Feiye မှာ "အမည်ပျက်စာရင်း" အကြောင်းကို ရှင်းလင်းစွာရှင်းပြချင်သော်လည်း Han Yunxi ၏မျက်လုံးများတွင် အပြစ်တင်ခြင်းနှင့် ရန်လိုမှုများကိုမြင်လျှင်တော့ သူမ၏အကြည့်ကို ရှောင်ရှားကာ သတိလစ်နေသော Gu Qishao ကို အေးစက်စွာကြည့်ကာ မေးလိုက်လေသည်။ "လက်ရှိ တစ်ယောက်လား။"
Han Yunxi မှာ ခဏတာ နားမလည်နိုင်ပဲ မေးလိုက်လေသည်။ "ဘာကိုဆိုလိုတာလဲ။"
"ဝေ့ပေါ် မှာပြောခဲ့တဲ့လူက မင်းရဲ့ရည်းစားဟောင်းပဲဖြစ်ရမယ်။" Long Feiye မှာ ထပ်မေးလိုက်သည်။
ထိုမှသာ Han Yunxi မှာ ဝေ့ပေါ်မှ ထိုအခြေအမြစ်မရှိသော အဖြစ်အပျက်ကို မှတ်မိသွားသည်။ Gu Qishao ကို ငြင်းပယ်ရန်အတွက် သူမတွင် ချစ်သူရှိနေသည်ဟု လိမ်လည်ခဲ့သည်။ ဆိုတော့ ဒီကောင်က Gu Qishao နဲ့ ဆက်ဆံရေးကို အခု အထင်လွဲ နေတာလား။
ဝေ့ပေါ် မှာ ဖြစ်ပျက်ခဲ့သည်များကို သူမ မေ့နေသည်မှာကြာပြီပင်။ သို့ရာတွင် ထိုကောင်မှာ သူ့ကို ဒုတိယအကြိမ် ပြန်သတိပေးခဲ့သည်။
တကယ်ပါဘဲ...
Han Yunxi မှာ နားမလည်နိုင်သော ခံစားချက်ဖြင့် ပြောမပြတတ်တော့ပေ။ သူမ များစွာ မစဉ်းစားတော့ပဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ရှင်နဲ့ ဘာဆိုင်လို့လဲ။"

YOU ARE READING
မြင်မြင်ချင်း အချစ်
Romanceဆေးပညာနယ်ပယ်တွင် ကျော်ကြားသော ဆရာဝန်တစ်ယောက်ဖြစ်သည့် သူမ။ သူမ၏ နည်းလမ်းများအတိုင်း လုပ်ဆောင်ကာ အာဏာကို မကြောက်ပေ။ ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းတွင် သားရဲတစ်ကောင်ဖြစ်ကာ ရက်စက်သည့် သူ။ အခွင့်အားလျော်စွာ သူက သူမ၏ လူနာဖြစ်လာခဲ့သည်။