ကန္တာရထဲမှာ အချိန်အတော်ကြာ ပြေးလွှားနေခဲ့ရလို့ မောဟိုက်နေသည့် ပုံစံမျိုးနှင့်ဆောနူက နိုးထလာခဲ့သည်။ ထုံးစံအတိုင်း ဂျောင်ဝန်းရဲ့လက်မောင်းတွေကြားထဲမှာပေါ့။ နွေရာသီ၏ အပူရှိန်ကြောင့်ဆောနူ၏ အဝတ်မဲ့နေသော ခန္တာကိုယ်ထက်တွင် ချွေးသီးလေးများရစ်သိုင်းစပြုလာပြီဖြစ်သည်။ လည်ပင်းတစ်လျှောက်နှင့် ရင်ဖက်ပေါ်တွင် ဗရပွ ပျံ့နေသော ကိုက်ရာနီရဲရဲများက မကြာသေးခင်ကမှ ရထားသည့်ပုံပင်။
ဆောနူက စိတ်ရှုပ်ထွေးစွာဖြင့် ပွယောင်းနေသောဆံနွယ်များကို ဆွဲဖွလိုက်သည်။ ပြီးနောက် ဘေးတွင်အိပ်နေသေးသော ဂျောင်ဝန်းကို ကြည့်လိုက်သည်။ ဒီလိုမနက်ခင်းမျိုးက သူတို့အတွက်အထူးအဆန်းမဟုတ်တော့ပေ။ ဆောနူ ဂျောင်ဝန်းနှင့် အရက်အတူသောက်သည့် ညတိုင်း သူတို့နှစ်ဦးစလုံး အသိစိတ်လွတ်စွာဆက်ဆံကြသည်။ ပြီးနောက် ယခုလိုပုံစံမျိုးနှင့်သာ နိုးထလာခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ကိစ္စရပ်များ ဖြစ်ခဲ့သည်မှာလည်း အကြိမ်ပေါင်းမနည်းတော့ပေ။
ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မရတော့သည့် ဂျောင်ဝန်းက အပူဒဏ်ကိုမခံနိုင်သည့်ကြောင်ကလေးနှယ်။ ဘေးတွင်သူ့ထက်အရင်နိုးနေသည့် ဆောနူကိုယ်ပေါ်ရှိ နီရဲရဲအမှတ်သားများကို မြင်သည့်အခါ ဂျောင်ဝန်းမျက်နှာပေါ်တွင် ကျေနပ်နေသောအပြုံးကဖြစ်တည်လာသည်။
" ညက ဘယ်လိုလဲ "
ပုခုံးသားတွေပေါ်အသာပွတ်ဆွဲလာသည့် ဂျောင်ဝန်းရဲ့လက်တွေကို ဆောနူကပုတ်ချလိုက်သည်။
" ပါးစပ်ပိတ်ထား "
" humm Señorita~~ "
ဂျောင်ဝန်း၏ ဆွဲဆောင်မှုရှိသည့် ထိုအသံဟာ ဆောနူအဖို့ ညကဖြစ်ပျက်ခဲ့သော မြင်ကွင်းများကို မြင်းရုပ်များနှင့်စက္ကူမီးအိမ် ကဲ့သို့ခေါင်းထဲအစီအရီပေါ်လာစေသည်။ တစ်ဆက်ထဲမှာပဲ ဆောနူ၏ အဝတ်မဲ့နေသော ခန္တာကိုယ်မှအစ နားဖျားလေးတွေအထိ နီရဲလာခဲ့သည်။
" ဂျောင် ဂျောင်ဝန်းတော်တော့ "
" ကျွန်တော်တို့ကဘာတွေလဲ "
" ငါ ငါတို့က သူငယ်ချင်းတွေလေ "
" You say we're just friends but friends don't know the way you taste la la la ~~ "
YOU ARE READING
Señorita | Yangsun
Romantik" You say we're just friend but friends don't know the way you taste la la la~~~ " Warning⚠️ (Adult Scene-Mature Content) Some bad word can be contain. Characters are just characters not related to the idols.