It's LOVE

531 64 7
                                    

" အစ်ကို Gunwook ! Room No 701 က ဧည့်သည်က ပြဿနာရှာနေပါတယ် "

မိသားစုအခြေအနေတွေကြောင့် ပညာရေးကို တစ်ပိုင်းတစ်နဲ့ နားထားရတဲ့ Gunwook က ပင်လယ်ကမ်းခြေတစ်ခုကို အမှီပြုပြီးဖွင့်ထားတဲ့ ဒီ Hotel မှာ  Supervisor တစ်ယောက်အနေနဲ့ အလုပ်လုပ်နေတာဖြစ်သည်။

Gunwook က  အလယ်တန်းလောက်ကတည်းက ဒီဟိုတယ်မှာ အချိန်ပိုင်း အလုပ်လုပ်ခဲ့တာ ။
အလုပ်ချိန်များ ရင်များသလောက် အချိန်ပိုင်းလုပ်အားခရော ၊ Bonus ရော များသည့် အလုပ်ဖြစ်တာကြောင့်မို့ နှစ်ရှည်လများလုပ်မိပြီး ၊ ကျောင်းနားဖြစ်တော့လည်း လုပ်သက်ကြာပြီး အရည်အချင်းရှိတာမို့ ဒီမှာပဲ full time ဝင်လို့ရသွားခဲ့သည်။

ကံကောင်းသည်လား ၊ ဆိုးသည်လား မသိပေမဲ့ အရှေ့က Supervisor က ရုတ်တရက်အလုပ်ထွက်သွားတာကြောင့် ဟိုတယ်ပိုင်ရှင်ရဲ့သမီးဖြစ်သူက Gunwook ကို supervisor ရာထူးတန်းပေးခဲ့သည်။

လုပ်သက်နဲ့ လုပ်ငန်းကျွမ်းကျင်မှုအရ Gunwook က ဖြစ်သင့်တာ မှန်ပေမဲ့ ၊ အသက်နဲ့ ပညာအရည်အချင်းက မပြည့်စုံနေတာမို့ Gunwook ဒီရာထူးကို ရရချင်း အချိန်တုန်းက လက်အောက်က ဝန်ထမ်းတွေကို အတော် ထိန်းသိမ်းရခက်ခဲ့သည်။ 

အချို့ဆိုလျှင် Gunwook က ဟိုတယ်ပိုင်ရှင်ရဲ့ သမီးနဲ့ ငြိစွန်းတာမို့ အခုလို ရာထူးရပါတယ်လို့ ယိုးစွပ်ကြသည်အထိပင်။

နောက်ပိုင်းတော့ Gunwook ရဲ့ အလုပ်ကြိုးစားမှုနဲ့ အလုပ်အပေါ် တာဝန်ယူ၊ တာဝန်ခံမှုတွေကြောင့် တဖြည်းဖြည်းချင်း လက်ခံလာကြသည်။

" Room No 701 ? မနေ့ကမှ ရောက်လာတဲ့ ဟို အသက်မပြည့်သေးတဲ့ ကောင်လေးလား "

" ဟုတ်တယ် အစ်ကို " 

ဧည့်သည်များတဲ့ Hotel  မို့ Gunwook က တော်ရုံလူတွေကို မှတ်မိလေ့မရှိပေမဲ့ ထိုကောင်လေးကတော့ ထူးထူးခြားခြားမို့မှတ်မိနေခဲ့သည်။
ထူးထူးခြားခြားဆိုတာ အခြားမဟုတ် Check in ဝင်တဲ့နေ့မှာ အသက် ၁၈ ပြည့်ဖို့က ရက်ပိုင်းလောက်လိုနေတာဖြစ်သည်။

ပုံမှန်ဆို အသက်လည်းမပြည့်သေးဘဲ အုပ်ထိန်းသူ ပါမလာရင် လက်ခံလို့မရပေမဲ့ ၊ အသက်ပြည့်ဖို့က ရက်ပိုင်းလေးသာ လိုနေသည်က တစ်ကြောင်း၊ ကောင်လေးပုံက ရည်ရည်မွန်မွန်လေးမို့ တစ်ကြောင်း Gunwook ကပဲ ထိုကောင်လေးကို လက်ခံပေးခဲ့သည်။

It's LOVE [ One Short ]Where stories live. Discover now