အပိုင်း 4
ကွင်းပြင်တစ်ခုရှိ ကုက္ကိုပင်ကြီးအောက်တွင် လူငယ်တစ်စုထိုင်နေကြလေသည်။
အရိပ်အာဝါသကောင်းသောကုက္ကိုပင်ကြီးရဲ့ဘေးတွင် နီညိုရောင်ခြယ်ထားသော တစ်ထပ်တိုက်အဆောက်အဦးရှိသည်။
ထိုအဆောက်အဦးမှာ ကျက်သရေရှိမှု၊ငြိမ်းချမ်းမှု၊နွေးထွေးမှု၊တင့်တယ်မှု၊တည်ငြိမ်မှု တို့နှင့် ပြည့်စုံသော အလည်ရောက်ရွာ လူငယ်နှင့်စိတ်ဓာတ်မြှင့်တင်ရေးစင်တာပင်ဖြစ်သည်။
ထိုစင်တာကို စုပေါင်းအင်အားတွေနဲ့ဆောက်ခဲ့တာဖြစ်သည်။
ငွေအား၊လူအား ကူညီပေးကြသော တစ်ယောက်ချင်းစီတိုင်းကို လမင်းငယ် ကျေးဇူးတင်မိသည်။စုပေါင်းအင်အားနဲ့ကြိုးစားခဲ့လို့သာ အခုလို စင်တာက ရပ်တည်နေနိုင်တာဖြစ်သည်။
စည်းလုံးခြင်းသည် အင်အားဆိုသည့်စကားမှာသိပ်မှန်သည်။စင်တာရဲ့ အရှေ့မှာ ရှိသော အရိပ်ရသစ်ပင်တွေ၊အလှပန်းပင်တွေက စင်တာရဲ့ကျက်သရေရှိမှုကို ပိုလို့အားဖြည့်ပေးနေလေသည်။
"ရောက်နေတာကြာပြီလား ဝေဖြိုး"
"မကြာသေးဘူးအမ...စောနာလေးကမှ ကျနော်တို့ရောက်တာ"
"ဒါနဲ့ ချစ်ချစ်ချိုတို့ရော"
"စောနာကမှ အထဲကို ဝင်သွားတာအမ"
"အေးအေး ...အမတို့လည်း အထဲကို သွားရအောင်လေ လာလာ ကလေးတို့"
ဝေဖြိုးဆိုတာ တက္ကသိုလ်တက်နေဆဲ ဒုတိယနှစ်ကျောင်းသားလေးဖြစ်သည်။
ကျောင်းပိတ်တိုင်း ဒီစင်တာမှာ လုပ်အားလာပေးတတ်သော ကောင်လေးက သူစုထားသော မုန့်ဖိုးလေးတွေနဲ့လည်း စာအုပ်တွေ ဝယ်ပြီး လှူတတ်သေးသည်။"လမင်းငယ် ရောက်ပြီလား"
"ဟုတ် အကိုထွန်းဆွေ... ဒါနဲ့ အကိုတို့ကို ပြောရဦ်းမယ် ...ကိုကျော်က သိန်း30လှမ်းလှူတယ်...ညီမ တီလေးဆီကနေ တစ်ခါတည်းထုတ်ခဲ့လိုက်တယ်"
"အေးမိုက်တာပေါ့...ကိုကျော်ကိုလည်း ကျေးဇူးတင်ကြောင်းပြောရဦးမယ်"
"အကို ညီမတို့ သန့်ရှင်းရေးစလုပ်ကြစို့လေ"
"အေးအေး"

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Romansaမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။