အခန်း(၄၇)

321 26 4
                                    

အခန်း(၄၇)

ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးဘဲ။




Ning Jing မှာ ပို၍ သံသယများလာကာ အစ်ကိုဖြစ်သူမှ ဤအမျိုးသမီးနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်ကို အလွန်သေချာလာသည် ။

"ငါသွားပြီ။ တကယ်လို့ မင်းတစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်။"

Ning Cheng မှာ ထိုသို့ ပြောပြီးနောက် Ning Jing မှာ အံ့သြသွားတော့သည်။ “ကျွန်မကို ဒီမှာ နေခဲ့ခိုင်းနေတာလား။"

“ဒါပေါ့…” Ning Cheng  မှာ အလွန်သေချာနေသည်။

"သူမက အိပ်ပျော်နေပြီ၊ မနက်ဖြန် နိုးရင် အဆင်ပြေသွားလိမ့်မယ်။" Ning Jing မှာ ဒေါသတကြီး ပြောလိုက်သည်။

“တကယ်လို့ ညလယ်မှာ အိပ်ရာနိုးလာပြီး အန်ရင် ဘာလုပ်မလဲ။” Ning Cheng မှ မေးလိုက်သည်။

Jing Jing မှာ ငြင်းချင်နေသော်လည်း Ning Cheng မှာ ပြောလိုက်လေသည်။ "မင်းကို တစ်နှစ်ခွဲလောက်ကြာအောင် ငါခေါ်ထားပေးမယ်ဆိုရင် ဘယ်လိုလဲ။"

Ning Jing ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မယုံနိုင်ဖြစ်သွားတော့သည်။ အသေအချာပင် သူမ သူ့ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် တောင်းပန်ခဲ့သော်လည်း နောက်ထပ် တစ်နှစ်ခွဲကြာအောင် သူမကို ခေါ်ထားပေးရန် ငြင်းဆန်ခဲ့ပြီး ယခုတော့ လွယ်လွယ်ကူကူဖြင့် သဘောတူနေသည်။ Ning Jing ၏ အမျိုးသမီးတစ်ယောက်၏ ပင်ကိုယ်သိစိတ်နှင့် သူ၏ အကြောင်းကို နှစ်ပေါင်းများစွာ နားလည်မှုနှင့်အတူ၊  ဤအမျိုးသမီးမှာ သူ၏ နှလုံးသားထဲတွင် အရေးကြီးကြောင်း သေချာသွားတော့သည်။

"ကောင်းပြီ၊ အဲဒီအတိုင်းနော်။" သူမ အဆင်သင့် သဘောတူလိုက်လေသည်။

Ning Cheng မှာ သူ၏ တိုက်ခန်းသို့ ပြန်ရောက်ချိန်တွင် ၃ နာရီကျော်နေပြီဖြစ်သည်။ သူက ရေချိုးပြီး အမူးဖြေ အနားယူပြီးနောက်တွင် တိမ်တိုက်များ၏ဒဏ္ဍာရီ ဂိမ်းအကြောင်း အချက်အလက်များကို ချက်ချင်း စတင်စုဆောင်းခဲ့သည်။ သူက Long Feiye နှင့် တစ်ကြိမ်သာ တိုက်ရိုက်ထိတွေ့ဖူးသော်လည်း Long Feiye ၏ စိတ်သဘောထားနှင့် လုပ်ကိုင်ဟန်ကို ကောင်းစွာသိနိုင်သည်။ Long Feiye နှင့် ဆွေးနွေးညှိနှိုင်းရန် လုံလောက်သော အာဏာရှိရန် ပထမဆုံး လိုအပ်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now