အခန်း(၅၉)

298 24 0
                                    

အခန်း(၅၉)

မင်း….။





ဤဘား "Drunk" ၏ သူဌေးသည် Ning Jing နှင့် သူမ၏အစ်ကို Ning Cheng မှလွဲ၍ အခြားသူမဟုတ်ပေ။ Ning Jing မှလည်ပတ်ပြီးနောက်၊ ဘားရှိ စားပွဲထိုးများအားလုံးမှာ သူတို့၏ သူဌေးတွင် သူ၏ ID ကတ်ဖြင့် ခွဲခြား၍မရသော ညီမတစ်ဦးရှိနေကြောင်း သိထားကြာသည်။ စားပွဲထိုးမှာ Ning Jing ၏ ညွှန်ကြားချက်ကို လိုက်နာပြီး အပြင်းဆုံးဝိုင်ကို ပြင်ဆင်ပေးလိုက်သည်။

Ning Jing မှာ စိတ်အခြေအနေ ကောင်းနေပြီး Tang Li ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ Ning Jing မှာ ယွင်ရှန်းတွင် Tang Li ၏ ဓာတ်ပုံများစွာကို လျှို့ဝှက်ရိုက်ယူခဲ့သည်။ ဤအမျိုးသားမှ ပြာဖြစ်သွားသည့်တိုင် သူမ မှတ်မိနိုင်သည်။

သူတို့က စေ့စပ်ခဲ့ချိန်တွင် သူမ၏မိသားစုမှာ သူမ၏ ဓာတ်ပုံတောင်းခဲ့ရာ သူမအသက်ဆယ့်ခြောက်နှစ်မှ ဓာတ်ပုံတစ်ပုံပေးခဲ့သည်။ Tang Li မှာ ထိုဓာတ်ပုံကိုမြင်ထားလျှင်ပင် သူမကိုမှတ်မိမည်မဟုတ်ဟု စဥ်းစားလိုက်သည်။

ထို့ကြောင့် သူမ Tang Li ၏ ရှေ့တွင် တည်ငြိမ်စွာ ရပ်လိုက်ပြီး အလွန်ယဉ်ကျေးပြီး ချိုမြိန်သော အပြုံးတစ်ခု ပေးလိုက်သည်။

"ဟယ်လို.."

သူမ ယနေ့ညတွင် ထိုသူကို မူးမလာမချင်း မရပ်တော့ရန် ကိုယ့်ကိုကိုယ် ကတိပြုလိုက်သည်။ သူမနှင့် Ning Cheng တို့မှာ ဝေ့ပေါ် တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ဖြင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဘာမှ မလုပ်ခဲ့ကြသော်လည်း ထိုကောင်မှာ သူမထံ တိမ်တိုက်များ၏ဒဏ္ဍာရီမှ မက်ဆေ့ခ်ျပို့ပြီး   ကြိမ်းမောင်းနေသေးသည်။ သူမ ဘယ်လို သည်းခံနိုင်မည်လဲ။

Tang Li မှာ အိပ်ရာဝင်ရန် ကြံစည်ခဲ့သော်လည်း ကံမကောင်းစွာပဲ မျက်လုံးမှိတ်လိုက်သည်နှင့် Long Feiye မှ သူနှင့် စာရင်းရှင်းတော့မည့်  အကြောင်း တွေးကာ အိပ်မပျော်တော့ပေ။ ညနက်ပြီဖြစ်ကာ ဂိမ်းမဆော့ချင်တော့၍ ဘားသို့ လာဆော့နေလိုက်သည်။

သူက အလွန်အမင်း မောပန်းနေသည့်တိုင် Ning Jing  ကို တွေ့လျှင် ချက်ချင်းပင် နိုးကြားလာတော့သည်။ သူ၏ စေ့စပ်ထားသူမှာ  ဘယ်လိုပုံစံလဲမှန်း ယခင်က တကယ်မသိခဲ့သော်လည်း တိမ်တိုက်များ၏ဒဏ္ဍာရီ ဖြစ်ရပ်အပြီးအတွင် တစ်စုံတစ်ယောက်ကို စုံစမ်းရန် စေလွှတ်လိုက်ခဲ့သည်။ သူ၏ လက်ထဲတွင် ဓာတ်ပုံအများအပြား ရှိနေလေသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now