အခန်း(၆၀)

307 23 0
                                    

အခန်း(၆၀)

အရူးလေး။







Jin Zi ၏ ဖိတ်ခေါ်မှုကို ရင်ဆိုင်ရလျှင် Mu Linger ၏ ပထမဆုံး တုံ့ပြန်မှုမှာ သတိကြီးကြီးဖြင့် နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်သွားခြင်းပင်။ Jin Zi မှာ မျက်ခုံးပင့်လိုက်ပြီး သူမကို ကြည့်ကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ "ငါ သုံးအထိ ရေလိုက်မယ်။ တကယ်လို့မင်းမလာရင် ငါသွားတော့မယ်။"

Mu Linger မှာ မည်သည့်စကားမှ မပြောပေ။

Jin Zi မှာ မဆိုင်းမတွ စတင်ရေတွက်ကာ အလွန် လျင်မြန်စွာ ပြောလိုက်သည်။ "တစ်၊ နှစ်...၊ သုံး…"

သူက ရေတွက်ပြီးနောက် လှည့်ကာ ဘေးတံခါးဆီသို့ လျှောက်သွားလေသည်။ Mu Linger မှာ စိတ်ပူလာပြီး ပြောလိုက်လေသည်။ "ဟေး ခဏစောင့်ဦး။"

တကယ်လို့ သူမ ဒီကောင်နဲ့မဝင်ရင် လုံးဝဝင်နိုင်မှာ မဟုတ်ဘူး!

Jin Zi မှာ နောက်ပြန်လှည့်မကြည့်ပဲ ရပ်လိုက်ပြီး ပြန်လှည့်ရန် ရည်ရွယ်ချက်မရှိသော်လည်း နှုတ်ခမ်းထောင့်တွင် အနည်းငယ် ပြုံးသွားကာ အတော်လေး ပျော်နေပုံရသည်။ ဘေးရှိ စားပွဲထိုးများမှ မြင်လိုက်လျှင်တော့ ထိတ်လန့်သွားကြတော့သည်။

ရေခဲတုံးလို့ သူတို့ရဲ့ ဘောစ့်က တကယ်ကြီး ရယ်နိုင်တယ်လား။

ထူးဆန်းလွန်းတယ်မဟုတ်လား…

Mu Linger မှာ လမ်းလျှောက်သွားပြီး တိုးတိုး ပြောလိုက်သည်။ "ဟေး၊ ရှင် အထဲဝင်သွားပြီးရင် သောက်ဖို့ မမေးနဲ့။ ကျွန်မ လုံးဝမသောက်ဘူး။"

သူမ ဂရုစိုက်ရမယ်…ဒီကောင်က လူကောင်းမဟုတ်ဘူး!

Jin Zi မှာ မည်သည့်စကားမှမဆိုပဲ ရှေ့ကို လျှောက်သွားသော်လည်း နှုတ်ခမ်းထောင့်များမှာ ပို၍ ကျယ်ပြန့်လာသည်။ အလွန်ထက်မြက်ပြီး ကြီးစိုးလွန်းသော Gu Qishao ကဲ့သို့ လူတစ်ယောက်မှာ ဤမျှ ဖြူစင်သော ယုန်လေးသဖွယ် ညီမတစ်ယောက်ကို ဘယ်လို ပြုစုပျိုးထောင်ထားနိုင်မှန်း သူက တကယ်ကို နားမလည်နိုင်ပေ။

Jin Zi ၏ ခြေထောက်များမှာ ရှည်လွန်းသည်ဟု ဆိုရပေမည်။ သူက တစ်လှမ်း လှမ်းလျှင် Mu Linger မှာ သူ၏ နောက်မှလိုက်နိုင်ရန် သုံးလှမ်း လှမ်းရသည်။ သူက လျင်မြန်စွာ လျှောက်သွားနေလျှင် Mu Linger မှာ သူ၏ နောက်မှ နောက်လိုက်ငယ်လေးတစ်ယောက်ကဲ့သို့ လိုက်သွားရတော့သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now