အခန်း(၆၂)

262 25 4
                                    

အခန်း(၆၂)

ရင်းနှီးနေသော ရေခဲပင်လယ်။





မနက်စောစော။

Long Feiye မှာ အိပ်ပျော်ရာမှ နိုးလာခဲ့သည်။ သူက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်လျှင် Han Yunxi ၏ အေးချမ်းစွာ အိပ်ပျော်နေသော မျက်နှာကို မြင်လိုက်ရသည်။ ထို့နောက် သူ၏ စိတ်ထဲတွင် ရင်းနှီးသော ခံစားချက်တစ်ခု ပေါ်လာတော့သည်။ ဤတိတ်ဆိတ်နေသော မျက်နှာလေးတင်မက ခေါင်းအုံးပေါ်မှ တစ်စုံတစ်ယောက်၏ ခံစားချက်ကိုလည်း ရင်းနှီးပြီးသားပင်….။

သူက Han  Yunxi  အား နှိုးမိသွားမည်အား စိုးရိမ်ကာ  မလှုပ်ဝံ့ပေ။

သူမကို လေးလေးနက်နက် ကြည့်လိုက်ရင်း ရင်းနှီးသော ခံစားချက်မှာ သူ၏ နှလုံးသားထဲတွင် ရစ်ဝဲလာနေသည်။ သူက ထင်ရှားစွာ နိုးနေပြီဖြစ်ကာ သူမကို ပိုကြည့်လေ ပိုသတိရှိလာလေ ဖြစ်သင့်သည်။ သို့သော် ဘာကြောင့်မှန်း မသိနိုင်ပဲ သူမကို ပိုကြည့်လေ၊ ၎င်းမှာ အိပ်မက်တစ်ခုကဲ့သို့  သူက မနိုးသေးသည်အား ခံစားလာကာ အိပ်မက်တစ်ခုမှန်း ခံစားနေရသည်။

"Jingle Bell…..."

သူမ၏ ဖုန်းမှ နှိုးစက်မှာ ရုတ်တရက် မြည်လာသည်။ Han Yunxi မှာ ကုတင်ပေါ်တွင် အိပ်ပျော်နေသည်ဟု တွေးမိကာ ဖုန်းကို ထိရန် ယောင်ဝါးဝါးဖြင့် လက်လှမ်းလိုက်သည်။ ၎င်းမှာ အမှန်တွင် Long Feiye ၏ မျက်နှာကို ထိမိသွားတော့သည်။ သူမ အစပိုင်းတွင် မတုံ့ပြန်သော်လည်း ခဏကြာအောင် ထိတွေ့ပြီးနောက် ရုတ်တရက် ရပ်တန့်သွားကာ တစ်စုံတစ်ခုမှားနေပြီဟု သိလိုက်လေသည်။ သူမ ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်လျှင်တော့ Long Feiye မှာ သူမကို စိတ်ဝင်တစား စိုက်ကြည့်နေကာ သူမက သူ၏ ဘေးတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။

"အား....."

Han Yunxi မှာ အလွန်ထိတ်လန့်သွားသဖြင့် နောက်သို့ လှန်လိုက်မိသည်။ Long Feiye မှာ သူမကို ဖမ်းရန် အလျင်အမြန် လက်လှမ်းလိုက်သည်။ ကံမကောင်းစွာဖြင့် သူက ဆိုဖာပေါ် လဲလျောင်းနေချိန် ခွန်အားများစွာ အသုံးမပြုနိုင်သောကြောင့် နှစ်ယောက်သား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ Long Feiye မှာ လူကို မကယ်နိုင်ပဲ ထိုအစား Han Yunxi အပေါ် လဲကျသွားလေသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now