အခန်း(၆၄)

356 27 9
                                    

အခန်း(၆၄)

တစ်ဘဝပြီးတစ်ဘဝ။





Long Feiye ၏ ပထမဆုံး တုံ့ပြန်မှုမှာ တစ်စုံတစ်ခု ဖြစ်နေသည်ဟု ယူဆကာ အလျင်အမြန်ပြန်ခေါ်လိုက်သည်။ သို့တိုင် ဖုန်းနံပါတ်ကို ခေါ်လိုက်ချိန်တွင် ဖုန်းမအားတော့ပေ။ သူက နှစ်ကြိမ် သုံးကြိမ် ထပ်ခေါ်သော်လည်း ဖုန်းမအားသေးပေ။ သူက ထပ်မခေါ်ဝံ့တော့ပေ။ အသေအချာပင် ခဏစောင့်ပြီးနောက် ဖုန်းဝင်လာပြန်သည်။ Han Yunxi အပြင် အတခြားသူမရှိပေ။

သူက ဖုန်းကိုင်လိုက်ပြီး မည်သည့်စကားမှပြန်မပြောနိုင်ခင်မ Han Yunxi ၏ အော်ဟစ်သံမှာ အခြားတစ်ဖက်မှ ရောက်လာလေသည်။ "Long Feiye... ရှင်ဘယ်မှာလဲ။"

Long Feiye မှာ စိုးရိမ်တကြီးဖြင့် "ဘာမှားလို့လဲ။ မင်း ဘာဖြစ်တာလဲ။ မင်းဘယ်မှာလဲ။"

ဖုန်း၏အခြားတစ်ဖက်တွင် Han Yunxi မှာ Long Feiye ၏အသံကို ထပ်မံကြားရလျှင် မျက်ရည်များ ကျဆင်းလာတော့သည်။ "ကျွန်မ... ကျွန်မ... ကျွန်မ အောက်ထပ်မှာရှိတယ်။ Long Feiye ကျွန်မ ရှင့်ကိုတွေ့ချင်တယ်။"

Long Feiye မှာ ရေချိုး ၀တ်စုံဝတ်၍ စိုစွတ်နေသော ဆံပင်များကို ခြောက်ရန်ပင် အချိန်မရှိပေ။ သူက ၎င်းကို ဂရုမစိုက်ပဲ ဓာတ်လှေကားကို ချက်ချင်း နှိပ်ကာ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ သူက တံခါးကိုရောက်သည်နှင့် Han  Yunxi မှာ တစ်ယောက်တည်းရပ်နေပြီး မျက်ရည်ကျကာ ငိုနေသည်ကို တွေ့လိုက်ရတော့သည်။

သူက အော်လိုက်လေသည်။ "Han Yunxi.."

Han Yunxi မှာ သူ၏ မျက်နှာကို လှည့်ကြည့်ပြီး ထိန်းမနိုင်သိမ်းမရ မျက်ရည်များ စီးကျလာပြန်သည်။ သူမ ပြေးသွားပြီး Long Feiye ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ အကယ်၍ စကားပြောချင်လျှင် အရင်ငိုရလိမ့်မည်။

Long Feiye မှာ အံ့သြပြီး စိတ်ပူနေတော့သည်။ ဒီအမျိုးသမီးက မကြာသေးခင်ကပဲ အဆင်ပြေနေခဲ့တာ။ ဘာဖြစ်သွားတာလဲ။

"မင်းကိုဘယ်သူအနိုင်ကျင့်နေတာလဲ။ ဘာဖြစ်နေတာလဲ။"

"Han Yunxi  ကိုယ့်ကိုပြော။"

Long Feiye မှာ စိုးရိမ်တကြီး မေးနေသော်လည်း Han  Yunxi မှာ မည်သည့်စကားမှပြန်မပြောပဲ ငိုနေခဲ့သည်။ နောက်ဆုံးတော့ သူက ရွေးချယ်စရာလမ်းမရှိတော့ပဲ လျင်မြန်စွာ ဆုံးဖြတ်ချက်ချပြီး သူမကို ပွေ့ကာ အပေါ်ထပ်ကိုတက်သွားလိုက်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now