အခန်း (၇)

3.6K 284 38
                                    

၂၀၁၉ ခုနှစ်။ ရန်ကုန်မြို့။

တိတ်ဆိတ်ငြိမ်သက်နေသည့် ခန်းမတစ်ခုအတွင်းသို့ ဒေါက်ဖိနပ်သံက ကျယ်လောင်စွာတိုးဝင်လာသည်။ ရန်ကုန်မြို့၏ နွေခေါင်ခေါင်အပူမှာ ကြီးသော်လည်း ခန်းမအတွင်း၌မူ Aircon အရှိန်ဖြင့် အေးမြနေသည်။ စိမ့်နေအောင် အေးခြင်းလည်းမဟုတ်။ ခပ်အေးအေးလေးသာ အေးနေခြင်းဖြစ်ပါသည်။ ခန်းမအတွင်းသို့ဝင်လာသည့်အမျိုးသမီးသည် သူ၏ဒေါက်ဖိနပ်ကို ခပ်ဖြည်းဖြည်းချွတ်သည်။ အထဲသို့ဝင်ရန် အတော်ကျန်သေးသည့်တိုင် ဖိနပ်ကိုချွတ်လိုက်ခြင်းပင်။ အနီရောင် ဒေါက်ဖိနပ်နှစ်ဖက်ကို ညာဘက်လက်တွင် ဆွဲကိုင်လျက် ထိုအမျိုးသမီးက ခန်းမ၏ အတွင်းဆုံးဘက်သို့ လေးလေးပင်ပင် လျှောက်သွားသည်။ နီရဲကာဆွေးမြေ့နေသော နှုတ်ခမ်းနီနှင့် အညိုရောင်ဆိုးထားသော ဆံပင်ကောက်ကောက်များမှာ မလိုက်မဖက်ရှိသည်ထင်ရသော်လည်း သူမ၏မျက်နှာနှာ ထိုနှစ်ခုကို ထင်းလင်းပနံသင့်နေအောင် အကူအညီပေးလျက်ရှိသည်။

စားပွဲခုံတစ်ခုနှင့် ထိုင်ခုံရှိရာနားရောက်သည့်အခါ သူက ဖိနပ်ကို အသံမြည်အောင် ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ မှောင်ရိပ်ထင်းနေသည့် ခန်းမအတွင်း ခလုတ်တစ်ခုဖွင့်သံအဆုံး၌ တဖျတ်ဖျတ်နှင့် တန်းစီပွင့်လာသော ဖန်မီးချောင်းအဖြူရောင်များ၏ အလင်းရောင်များအဆုံး၌ ရိပ်ခနဲထင်းလင်းလာကြသောပန်းချီကားများ။ ဆေးရောင်စုံတို့၏ ငြိမ်သက်မှုနှင့်အတူ ကမ္ဘာပေါင်းများစွာ၏ လာရောက်ထိတွေ့မှုကို မျက်လုံးထဲတွင်တစ်ပြိုင်တည်းခံစားလိုက်ရသဖြင့် မာယာပြုံးလိုက်မိသည်။ ထို့နောက်စားပွဲခုံသို့သွားထိုင်ကာ ဖုန်းကိုထုတ်၍ တစ်စုံတစ်ယောက်ထံခေါ်လိုက်သည်။

"ဟယ်လို မမနွယ်"

မနေ့ကအထိ မာယာတွေးခဲ့သော အတွေးအတိတ်များထဲတွင်တော့ ထိုလူဟာ သူမကို "နွယ်" ဟုခေါ်ခဲ့ဖူးပါသည်။

"ညို ငါရန်ကုန်မှာ ပြခန်းစဖွင့်ပြီ။ အဲ့ဒါအသိပေးချင်လို့"

"အို.. တကယ်လား။ သိပ်ကောင်းတာပဲ မမနွယ်၊ သိပ်ကောင်းတယ်။ လိပ်စာပေးဦးလေကွယ် ပြီးတော့ အဲ့အကြောင်းကိုဘာလို့ကြိုအသိမပေးခဲ့ရတာလဲ။ ဘာလဲ.. အိမ်ထောင်ဦးစီးက သူချည်းအကုန်စီစဉ်ပေးသွားလို့ ဘာမှပြောချိန်မရလိုက်တာလားနော်"

တိမ်လိုမြူလိုDonde viven las historias. Descúbrelo ahora