တစ်ခန်းရပ်

522 69 8
                                    

ဘဝမှာ သူမရှိလို့ မဖြစ်ဘူးလို့ တွေးခဲ့မိတာ ဘယ်တုန်းကများလဲ ။
ညဘက်မှာ မှောင်မည်းနေတဲ့ အဆောင်ခန်းထဲ နာကျင်နေတဲ့ ခြေထောက်တွေကြောင့် အိပ်မရတဲ့ ငါ့ရဲ့လက်တွေကို သူ့လက်တွေက ဖမ်းဆုပ်လာခဲ့ပေးတုန်းက ဖြစ်မယ် ။

"စွန့်ပစ်ခံရတာနဲ့ မခြားဘူးပဲ ငါတို့က" လို့ ငါ ပြောမိတုန်းက သူက ငါ့ကို ပြောခဲ့တာ "ငါတို့ အချင်းချင်းတော့ တစ်ယောက်ကိုတစ်ယောက် မစွန့်ပစ်ကြရအောင်" တဲ့လေ ။

သေချာပေါက် ဒီအခန်းကျဉ်းလေးထဲ အတူရှိနေတဲ့ ငါတို့ ခုနစ်ယောက်လုံးက အနာတရတွေနဲ့ ၊ အတူရှိတာကြာလာတဲ့အလျောက် အချင်းချင်း ချည်မိကြတဲ့ သံယောဇဉ် ကြိုးတွေထဲ ရှုပ်ထွေးပွေလီနေတဲ့ ဘဝခုနှစ်ခုက ထွက်ပေါက်ရှာဖို့ ကြိုးစားရမဲ့အချိန်မှာ ထူးထူးဆန်းဆန်း သူတစ်ယောက်တည်းဆီက ငါ့ကို ပိုရစ်ပတ်လာတဲ့ ကြိုးတွေ ။

ဖိနပ်မပါတဲ့ ဗလာခြေထောက်နဲ့ နှစ်ရက်တစ်ခါလောက် ပြေးလျှောက်နေရတဲ့ ခဲလမ်းထက်တောင်မှပဲ ပိုစုတ်ပြတ်နေလောက်တဲ့ အနာဂတ်က ရှေ့မှာ ရှိနေတာတောင်မှ သူ့ကို ငါက လက်မလျှော့ချင်ခဲ့ဘူး ။

ကျောင်းစာတွေ လုပ်ပြီး အောင်မြင်ဖို့အတွက် ထားတဲ့ အဆောင်မျိုးသာဆိုရင် ငါ့အတွက် ဘယ်လောက်ကောင်းမလဲလို့ တွေးမိတယ် ။ ဒါက ဒီအတိုင်း အကျဉ်းထောင်ပဲ ။

ငါတို့ခုနစ်ယောက်လုံးရဲ့ မိဘတွေက ရုပ်ပျက်ဆင်းပျက် အလိမ်ခံခဲ့ရတဲ့ စီးပွါးရေးလုပ်ငန်းရှင် ငအတွေ ။ လောင်းကြေးက ငါတို့ ဖြစ်ခဲ့ပြီး ဒီနေရာရောက်လာတာတောင် အတော်ကြာတဲ့အထိ မသိတဲ့ ဒူပေပေကောင်တွေက ငါတို့ဖြစ်ခဲ့တာ ။ အဆောင်ဆို အဆောင်ပေါ့ ဆိုတုန်းကအထိတော့ ဆရာဝန်ဖြစ်ချင်တဲ့ ငါ့အိပ်မက်က အကောင်အထည်ပေါ်နိုင်သေးတယ်လို့ ထင်ခဲ့မိတာက စောက်ကျိုးအနည်းဆုံး အမှား ။

အခု လက်ရှိ ပြိုင်တူ အယောက် ငါးဆယ်ကျော် လေ့ကျင့်နေရတဲ့ထဲကမှ ရှစ်ယောက်တည်း ကျန်အောင်အထိ အချင်းချင်း သတ်ခိုင်းနေတာရဲ့ ရည်ရွယ်ချက်က ငါတို့တွေ ဒီနိုင်ငံရဲ့ အတော်ဆုံးသူလျှိုတွေဖြစ်လာဖို့ပဲ ။ ငါတို့ အားလုံးလည်း သိတယ် ။ တစ်ခုတည်းသော အသက်ရှင်ကျန်မဲ့ နည်းက အနိုင်ရရမယ် ။ တစ်ဖက်လူ ဘာဖြစ်ဖြစ် မေ့ရမယ် ။

တစ်ခန်းရပ် Where stories live. Discover now