part - 1

199 7 0
                                    

လူချမ်းသာတွေနေတဲ့ရက်ကွက်အတွင်းက အိမ်ကြီးတစ်အိမ်သည် သစ်ပင်တွေနဲ့စိမ်းစိုပြီး သာယာလျက်ရှိသည်။ သို့သော် သူဌေးရက်ကွက်ကအိမ်ဆိုလို့ တိတ်ဆိတ်နေတယ်ထင်ရင် အလွဲကြီးလွဲ‌ပေလိမ့်မည်။အိမ်ကြီးရဲ့ ဆည်းလည်းလေးအသံကြောင့် တနေ့တနေ့ ထိုအိမ်ကြီးမှာ တတ်ဆိတ်ခြောက်ကပ်နေတယ်ရယ်လို့မရှိ။ ရယ်မောသံတွေနဲ့သာပြည့်နေ‌တတ်သည်။

"သားသားငယ်လေး မထသေးဘူးလား ကလေးရဲ့ ‌ဒီနေ့ဂိုက်ဆရာလာမှာပါဆို ထတော့လေ ထတော့ ထထ ကလေးလေးထတော့ "

သာသာယာယာမနက်ခင်းအစကိုတော့ အိမ်ကြီးရဲ့ သူဌေးက‌တော်က အိမ်တော်သခင်လေးကို အိပ်ယာနှိုးခြင်းဖြင့်စတင်ခဲ့သည်။

"အဟင့် မေမေ ကျုပ်မထချင်သေးဘူး မျက်တောင်ပေါ်မှာ ကျောက်တုံးကြီးပိနေသလိုလေးနေတာ ဖွင့်မရဘူး"

‌ဒေါ်မေသူပြုံးမိပါသည် ။ ဆယ်ကျော်သက်အရွယ် ကိုယ်ကာယကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ အရမ်းလုပ်တဲ့ သားငယ်လေးရဲ့ ခန္ဓာကိုယ်က ထောင်ထောင်မောင်းမောင်း နှင့် အရပ်က ခြောက်ပေကျော်ရှိ၏ ။ သို့သော် အိမ်မှာရှိသမျှလူ‌တိုင်းရှေ့တွင် ကလေးဆန်တာကတော့ ခန္ဓာကိုယ်ကြီးနဲ့မှမလိုက် အတော် ကယက်ဆန်လှလေသည်။

"သား ကျောင်းမတတ်ချင်ပါဘူးဆိုလို့ အခုကျောင်းမထားဘူးလေ ‌သားသားနော် ငဂျစ်မလုပ်နဲ့ ထထ "

ဒေါ်မေသူပြောလဲပြော ဖင်ကိုပုတ်ပြီးလည်း နှိုးလိုက်သည်။သားက အသံနဲ့တင်နှိုးမရ ။ လက်နဲ့နှိုးမှရသည်။ မဟုတ်ရင် ငဂျစ်ကလေးက မထ တတ်ပေ ။

"ထပါပြီဆို ဘာလို့ဖင်ကိုကိုင်တာလဲမေမေရဲ့ ကျုပ်ကအရွယ်ရောက်ပြီနော် ကလေးမဟုတ်ဘူး ဖင်မကိုင်တော့နဲ့လို့  "

ဖင်ကိုအသက်နဲ့လဲ၍ ကာကွယ်မယ်ဆိုပြီး အသံကောင်းဟစ်ထားတဲ့ သားက သူ့ဖင်ကိုင်တော့ အလူးအလဲကုန်းထကာငိုမဲမဲ့ဖြင့် ရေချိုးခန်းထဲဝင်သွားတော့ ဒေါ်မေသူ ခေါင်းအသာရမ်းမိသည်။မျက်နှာမှာတော့ အေးချမ်းသော အပြုံးတစ်ပွင့်ကို ဆောင်လျက်ပင်။ ‌ဒေါ်မေသူသျှံဆိုသည်မှာ ကျက်သရေရှိလှသော မြန်မာဆန်ဆန် အမျိုးသမီးတစ်ဦးပင် ဖြစ်၍ အိမ်ရှင်မကောင် ၊ မိခင်ကောင်းပီသသောသူလည်းဖြစ်၏။

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

My Husband Is My Students Where stories live. Discover now