Part-4(Unicode)

1.9K 83 16
                                    

  "မောင့်ချစ်သူ အချေလေး"
Part-4
  စနေ၊တနင်္ဂနွေ....

ကျောင်းပိတ်ရက်မို့ ယွန်း ဒီနေ့ စျေးသွားရန်ပြင်ဆင်နေသည်။

"မေမေရေ...ဘာမှာအုံးမလဲ ယွန်း စျေးသွားတော့မလို့"

"သြော်...သမီးကြိုက်တာသာ ကြည့်ဝယ်ခဲ့ပါကွယ်..."
မီးဖိုခန်းထဲမှ ဂဗျာဂရာ ထွက်လာသော မေမေကြောင့် ယွန်း သက်ပြင်းလေး တစ်ချက်ချလိုက်သည်။
"ဟူး...မေမေရယ် နားနားနေနေ နေပါဆိုတာကိုမီးဖိုချောင် ဝင်ပြန်ပြီ နေသိပ်ကောင်းသေးတာလည်း မဟုတ်ဘဲ"

"သမီးရယ် မေမေဘာမှ မဖြစ်ပါဘူး ညက ပူလို့ရေချိုးမိလိုက်တာ နှာစေးရုံလောက်ပါပဲ မိအေးလည်း မီးဖိုခန်းထဲ ရှိတာပဲကွယ်...."

"မနေ့ကလို တစ်ယောက်ထဲ အပြင်မထွက်ပါနဲ့ မေမေရယ် စိတ်ပူတယ် သိလား"

"မိအေး အိမ်ခနပြန်သွားလို့လေ သမီးလည်း ပြန်မလာသေးတာနဲ့ မေမေအပြင်ထွက်ဝယ်လိုက်တာပါကွယ်"

"ဟုတ်ပါပြီ သမီးလိုအပ်တာတွေ အကုန်လုံး ဝယ်ခဲ့ပေးမယ် နောက်ဆို တစ်ယောက်ထဲ အပြင်မထွက်နဲ့ ဟွန့်..."

"ဟား...ဟား သမီးကတော့လေ"
နှုတ်ခမ်းလေး ဆူကာ ကလေးတစ်ယောက်လို ပြောနေသော ယွန်းအား ရယ်မောစွာ မေမေမှ ပြန်ပြောနေမိသည်။
"သမီးသွားတော့မယ် မေမေ တော်ကြာ နေပူမိနေမှာစိုးလို့"

"အေးအေး သမီး"
ယွန်း အပြင်ထွက်လာတော့ ခြံအပြင်ဝမှ စောင့်မျှော်နေသူမှာ အေနီတာမောင်ပင်...။

ယွန်း အပြင်သို့ ထွက်လာတာ မြင်တော့ မောင်က ယွန်း မမြင်အောင် ပုန်းနေမိသည်။
ယွန်း ထွက်သွားတော့ မောင် ယွန်းနောက်ကနေ မသိမသာလေး လိုက်လာခဲ့လိုက်သည်။ ။

စျေးထဲရောက်တော့ ယွန်း လိုအပ်သည်များကို ဝယ်လိုက်သည်။စျေးတန်းမှအပြန် အနောက်မှ တစ်စုံတစ်ဦး လိုက်လာသည်ကို ယွန်း ခံစားမိလာသည်။ယွန်း ခြေလှမ်းကို ခပ်သွက်သွက် လျှောက်နေမိသည်။အနောက်သို့ လှည့်ကြည့်တော့လည်း မသင်္ကာစရာ လူရယ်လို့ မတွေ့။

" ဟောတော့..."
ရုတ်တရပ် ယွန်းရဲ့ဖိနပ်လေး ပျက်သွားသည်။

  " ဒုက္ခပါပဲ ဟယ်...အရေးအကြောင်းဆို....ဖိနပ်က ပျက်နေသေးတယ်..."

"မောင့်ချစ်သူ အချေလေး"Where stories live. Discover now