9 | 💙

169 23 2
                                    


사랑하지만 ,
기분은 좋긴 하지만 ... 🍂

☕️

ရုတ်တရက် ရွာချလာသော မိုးအခြေအနေသည် အခြေအနေတစ်ခုအား ဆွေးစေ၏ ။ ခပ်ဆွေးဆွေးသံစဉ်တစ်ခုသာ ထပ်မံပေါင်းထည့်လိုက်ပါက ငိုချက်စရာ အတိပင် ။

ဂျောင်ဟျွန်းတစ်ယောက် ဖြည်းညင်းစွာဖြင့် ဆေးရုံကော်ရစ်တာသို့ တစ်လှမ်းချင်းလျှောက်လာခဲ့၏ ။ သို့သော် ~ ခြေလှမ်းများသည် အနည်းငယ် တုန်ရီနေဟန်ဖြင့် ရှိသည် ။

ဂျောင်ဟျွန်းထံတွင် သတ္တိမရှိခဲ့ပါ ။ သူကိုယ်တိုင်သည်လည်း မည်သည့်အရာအား ကြောက်နေမှန်း မသိခဲ့ပါ ။ သေချာသည့်အချက်တစ်ခုမှာကား ချွမ်ရွေ့ဆိုသည့်ကောင်လေးအပေါ်တွင် မထားသင့်သော ခံစားချက်များ ရှိနေသည့်အချက်ပင် ဖြစ်ခဲ့၏ ။

နှုတ်ခမ်းချင်း သွယ်ထိမိရာမှ စခဲ့ခြင်းလား
စတွေ့သည့်အချိန်မှ စ၍ စခဲ့ခြင်းလား
မည်သည့်အချိန်မှ စခဲ့ခြင်း ဖြစ်သလဲအား ဂျောင်ဟျွန်းမစဉ်းစားတတ်တော့ချေ

ပြင်းစွာသော သက်ပြင်းချသံတစ်ခုအားချလျက်ပင် ချွမ်ရွေ့ရှိရာ ကုတင်ဆီသို့ လျှောက်လှမ်းခဲ့လေသည် ။ ချွမ်ရွေ့မှာလည်း ကုတင်ခေါင်းရင်းအား ကျောမီလျက် တစ်စုံတစ်ခုအား အပြင်းအထန်စဉ်းစားနေပုံပေါ်သည် ၊ မျက်ခုံးနှစ်သွယ်ကျုံ့နေသည်အား ကြည့်လိုက်လျှင် သိသာမည် ဖြစ်၏ ။

"ဘာတွေ စဉ်းစားနေတာလဲ ။"

မျက်နှာရှေ့တည့်တည့်တွင် လက်ဖျောက်တီးလိုက်သော ဂျောင်ဟျွန်းကြောင့် ချွမ်ရွေ့မှာ အတွေးများကြားမှ ရုန်းထွက်နိုင်ခဲ့လေသည် ။

"ခင်ဗျား ကိစ္စမို့လို့လား ။"

ဘုကန့်လန့်သာ မကဘဲ ဂျောင်ဟျွန်းဆိုလျှင်ကို ချွမ်ရွေ့မှာ စကားအကောင်းမပြောနိုင် ၊ အမြဲတမ်း ပြန်ပြောမိသည်မှာ နားဝင်မချိုသည့် စကားများပင် ဖြစ်ခဲ့၏ ။

"ကိုယ်က ဆေးရုံခေါ်လာပေးတဲ့သူလေ ၊ အဲ့သည်လိုကြီးတော့ မဆက်ဆံပါနဲ့ကွာ ။"

"ဪ ၊ ခင်ဗျားက ကျေးဇူးအတင်ခံချင်လို့ ဆေးရုံလိုက်ပို့တာလား ၊ အဲ့လိုဆိုရင် ကျေးဇူးပဲ ။"

ပြောပြီးနောက် ကုတင်ပေါ်မှထထွက်သွားသော ချွမ်ရွေ့ကြောင့် ဂျောင်ဟျွန်းမှာ အနောက်မှ ပြေးလိုက်ခဲ့ရပြန်သည် ။

"ချွမ်ရွေ့ ... ကိုယ် ... တောင်းပန်တယ် ။"

ထိုစကားကြောင့် ချွမ်ရွေ့၏ ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့ရ၏ ။

"ဘာအတွက် တောင်းပန်တာလဲ ။"

"ကိုယ် ... မင်းကို အော်ခဲ့မိတယ်မလား ၊ အဲ့သည့်အတွက် တောင်းပန်တယ် ။"

ဂျောင်ဟျွန်းထံမှ ထိုသို့တောင်းပန်လာသောစကားကြောင့် ချွမ်ရွေ့မှာ ပို၍ပင် ဒေါသထွက်လာခဲ့သည် ။ သူကိုယ်တိုင်လည်း မည်သည့်အကြောင်းမှန်းကြောင့် မသိခဲ့ ။

"အဲ့အတွက်ဆိုရင်တော့ မလိုပါဘူး ၊ ပြီးတော့ ... ကျွန်တော့် နာမည်အရင်းကို မခေါ်ဖို့ ခင်ဗျားကို ကျွန်တော် ဘယ်နှစ်ကြိမ်ပြောရမလဲ ။"

"ကိုယ် ... ။"

ဆက်၍ထွက်မလာသော နှုတ်ခမ်းပါးများကြောင့် ချွမ်ရွေ့မှာ စိတ်ပျက်မှုများနှင့် ရယ်ချင်မိသွားသည် ။

"ခင်ဗျား ... ကျွန်တော်နဲ့ ရှေ့ဆက်ပြီး
လာမပတ်သက်ရင် ကောင်းမှာပဲ ။ ကျွန်တော် ... တော်တော် ပင်ပန်းနေပြီ ။"

ချွမ်ရွေ့၏ ထွက်ခွါသွားသော ကျောပြင်သေးသေးလေးသည် ဂျောင်ဟျွန်းအား နာကျင်စေခဲ့သည် ။ ထိုသို့ဖြစ်အောင်လုပ်ခဲ့မိသည့် သူ့ကိုယ်သူလည်း ဂျောင်ဟျွန်းမှာ မုန်းမိခဲ့၏ ။

ကိုယ် မင်းကို ပြောပြချင်တဲ့ အရာရှိတယ်
အားလုံးပြီးဆုံးတဲ့ တစ်နေ့ကျ ကိုယ်မင်းကို ပြောပြတော့မှာပါ

운명은 항상 나에게 이렇게 가혹한 걸까요 ... ?

: blue :

Note : Ltns Kha 💛 ရေးနေရင်း ပျက်သွားလို့ မနက်ကျ တစ်ပိုင်းထပ်လာပါမယ်နော် ။

သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ။
9.3.2024

You've reached the end of published parts.

⏰ Last updated: Mar 08 ⏰

Add this story to your Library to get notified about new parts!

blue | jeonghyeon x ricky Where stories live. Discover now