(၂၆)

5.6K 706 50
                                    

Unicode



ရေချိုးခန်းထဲတွင် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် သွားတိုက်ပြီးသွားသည့်နောက် ဖုရှောင်ယွီသည် မာစတာအိပ်ခန်းထဲ မဝင်တော့ဖို့ ရွေးချယ်လိုက်၏။ ထိုအစား ဧည့်ခန်းထဲက မီးတွေကို ပိတ်ပြီး အမှောင်ထဲတွင် တယောက်တည်း ဆိုဖာပေါ် ကွေးကွေးလေး လှဲနေလိုက်သည်။

ရွှီကျားလဲ့၏ အမြင်ကို လက်ခံကာ "လုပ်နိုင်ပါတယ်" ဟု ရှင်းရှင်းလင်းလင်းပြောခဲ့ပါသည့်တိုင် ဧည့်ခန်းထဲတွင် တိတ်ဆိတ်စွာနေဖို့ သူ ဆုံးဖြတ်လိုက်သည်။ ဤသည်က သေချာပေါက်ပင် ရင့်ကျက်သည့် အပြုအမူ မဟုတ်ပေ။

သို့သော်လည်း သူ ဝမ်းနည်းရသည်။

ဖုရှောင်ယွီ၏ ဝမ်းနည်းမှုတွင် မြတ်နိုးယုယစွာ ပိုက်ထွေးခြင်း ခံထားရရာကနေ ဥပေက္ခာပြုခြင်း ခံလိုက်ရ၍ ဖြစ်ပေါ်လာသည့် အနည်းငယ်သော မကျေနပ်မှု၊ ခါးသက်သက်သက် အရသာစွက်သည့် အချဥ်ပေါက်မှုစည်တို့ဖြင့် ရောထွေးလို့နေသည်။

သူသည် အကောင်အထည်ရှိပြီး လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အခက်အခဲများကို ကိုင်တွယ်​ရာတွင် ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်သော်လည်း ကိုယ် ကိုယ်တိုင်၏ ရှုပ်ထွေးပြီး သိမ်မွေ့နက်နဲသည့် ခံစားချက်ကိုမူ မည်သို့ ကိုင်တွယ်ရမည် မသိနိုင်အောင် ​ဖြစ်ရသည်။

ဒါသည် ချစ်သူရည်းစားအချင်းချင်းကြား ဖြစ်လေ့ဖြစ်ထရှိသည့် သဘောထားကွဲလွဲခြင်းမျိုး မဟုတ်မှန်း ​အသေအချာကို နားလည်နေပါသည့်တိုင် ရွှီကျားလဲ့ကို အလိုလို စောဒက တက်ချင်နေမိဆဲ။

ဗီလာအတွင်း အလိုအလျောက် အပူပေးစနစ် ဖွင့်ထားသော်လည်း ဆောင်းရာသီတွင် စောင်မပါဘဲ လှဲနေသည့်အခါ အနည်းငယ်တော့ အေးလာရသည်ပင်။ ဖုရှောင်ယွီသည် ဆိုဖာ အကွဲကြောင်းထဲ သူ့ ခြေချောင်းတွေကို မြှုပ်ထားရပါသည့်တိုင် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ယနေ့ညအဖို့ ဆိုဖာပေါ်တွင် အိပ်ဖို့ရန်သာ စဉ်းစားထားသည်။

သို့တိုင်အောင် သိပ်မကြာခင်မှာပင် ဖုရှောင်ယွီဆီမှ ညည်းသံမသဲမကွဲ ထွက်လာပြီး ဝမ်ဗိုက်အောက်ပိုင်းဆီမှ ခဲကတ်လှသည့် လစ်ဟာမှုက သူ့ တကိုယ်လုံးအနှံ့ တဖြည်းဖြည်း ပျံ့နှံ့လို့လာပြန်၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now