(Chapter-10)လက်ထပ်ပွဲ(u+Z)

338 26 1
                                    

                  လက်ထပ်ပွဲ

Unicode

အကြီးအကဲJeonနဲ့Jiminတို့ လက်ထပ်ပွဲက နောက်1ပတ်နေပြီးလျှင်ကျရောက်တော့မယ်မို့ အကြီးအကဲကတော့ သူလုပ်ကိစ္စများပြီးအောင် လုပ်နေရတော့သည်။Jiminလည်းသေနတ်ပစ်တတ်သွားပြီမို့နားနေ‌ရတော့မည်ဟု jiminထင်နေသော်လည်း နောက်ရက်မနက်မိုးလင်းတော့ အကြီးအကဲJeonအမေက ခေါ်ခိုင်းမှုကြောင့် အကြီးအကဲJeonတစ်ယောက်ရောက်လာပြီးခေါ်လေတော့သည်။Jiminမလိုက်ချင်ဘူးဟု ငြင်းချင်သော်လည်း  မတော်ရသေးသည့်ယောက္ခအမြင်မကြည်မည်ဆိုးကာ ဆူပုတ်ပုတ်ရုပ်နှင့်လိုက်သွားလေသည်။အကြီးအကဲကလည်း ထိုပုံစံကိုမြင်တော့ သူရယ်ချင်စိတ်အားထိန်းထားရလေတော့သည်။မဟုတ်လျှင်  jiminကသူ့အားရိုက်လိမ့်မည်။အကြီးအကဲနဲ့Jimin ရင်းနှီးသွားသည့်အချိန်မှ Jimin ရဲ့အမူအကျင့်လေးများအား အကြီးအကဲJeonသိတိထားမိသွားခြင်းပင်။

Jiminက ငယ်ငယ်တုန်းကကဲ့သို အကြီးအကဲအားကြောက်ရွံ့မှုမရှိတော့သည့်အပြင် တစ်ခါတစ်လေ အကြီးအကဲကသူ့အားစိတ်မကြည်အောင်လုပ်လျှင်သူ့လက်သေးသေးလေးနှင့် အကြီးအကဲရဲ့အသားနီရဲသည်အထိရိုက်တတ်သေးသည်။စိတ်ဆိုးစိတ်ကောက်လာလျှင်သူ့နှုတ်ခမ်းထူထူလေးအား ဆူထွက်အောင် ဆူပုတ်ပုတ်ရုပ်လုပ်တတ်သေးသည်။အကြီးအကဲပြော‌သည့်စကားထဲတွင် သူမကြိုက်တာပါလျှင်ချက်ချင်းစကားထောက်ကာ အငြင်းအခုံလုပ်ရတာကိုလဲကြိုက်သေးသည်။

Jiminရဲ့ထိုအပြုအမူလေးများကြောင့်အကြီးအကဲနဲ့ Jimin ကြားမှာ နေရခက်သည်များမရှိတော့သည့်အပြင် ရင်းနှီးမှုပိုတိုးလာကာ သက်တောင့်သက်သာဖြစ်မှုများကပိုတိုးလာသည်။အပြုံးအရယ်နဲသော အကြီးအကဲမှာလည်း Jiminနှင့်တွေ့လျှင် သူမရယ်သည်ကခပ်ရှားရှားပင် သို့သော်ထိုအရာသည်နှစ်ယောက်ထဲရှိမှသာလျှင်ဖြစ်သည်။Jiminအား jeonအိမ်‌ေတာ်သို့ပို့ပြီးနောက် အကြီးအကဲက အလုပ်သို့သွားလိုက်လေသည်။

ယောက္ခဖြစ်သူက Jiminအားမြင်တော့ ဝမ်းသာအားရဖြစ်ကာ Jiminလက်ကိုဆွဲပြီးဈေးဝယ်ထွက်လေကြတော့သည်။Jeonမေမေက သူမကလေးမွေးOmega လေးလိုချင်ခဲ့သည်။သူ(မ)ကိုယ်တိုင်လည်း omegaတစ်ယောက်မို့ သူomegaကလေးရလျှင် အဝတ်အစားလှလှလေးများဆင်ချင်ခဲ့သော်လည်း သူမွေးလာသည့်ကလေးနှစ်ယောက်လုံးက အဆင့်မြင့်Alphaများဖြစ်နေသည်ကြောင့် သူမအိမ်မက်လေးကပျက်စီးသွားခဲ့လေသည်။ထို့ကြောင့် သူမသားမက်လေးJiminအား အလွန်ချစ်မြတ်နိုးလေသည်။သူမက အရင်ကသူမ လုပ်ချင်သည့်အရာများအား jiminအပေါ်လုပ်ပေးလေတော့သည်။အဝတ်အစားများ များစွာ‌ဝယ်ပေးလေတော့သည်။နေရာအနှံ့သွားပြီးနောက် Jiminတစ်ယောက် ညောင်းကိုက်နေလေတော့သည်။
JIMIN တစ်ယောက် သူ့ယောက္ခမဖြစ်သူ အကြီးအကဲJeonရဲ့အမေကြောင့်တစ်နေကုန်လမ်းလျှောက်နေရ၍ အိမ်ပြန်ရောက်တော့မောပန်းကာ ရေမိုးချိုးပြီးအိပ်ယာတန်းဝင်သွားတော့သည်။

အကြီးအကဲJeonကလက်ထပ်ပီးနောက်ပြောင်းလဲသွားတယ်( Uni+Zawgyi)Where stories live. Discover now