ZAWGYI
🌹နှင်းဆီပင်၏ ဆူးညှောင့်များ ep 14🌹
အပိုင်း ၁၄
မိုးမြေ့မာန် တစ်ယောက် ဒီနေ့ စိတ်နဲ့ လူနဲ့ မကပ်ပါ.... ဒီလိုနဲ့ နာရီတွေက တဖြည်းဖြည်း ၉ နာရီကို ရောက်ရှိသွားတယ်..... စိတ် နဲ့ လူနဲ့ မကပ်တဲ့ ဆရာမ ဖြစ်သူကို ကြည့်ပြီး ဒီဇင်ဘာ လေးက မေးလိုက်တယ်...
"မမမိုးမြေ့ ဘာဖြစ်လို့လဲ...?"
"အော်... ဘာမှ မဖြစ်ပါဘူးကွယ့်.... အော် ၉ နာရီတောင် ထိုးနေပြီပဲ... ကဲ စာအုပ်တွေ သိမ်းတော့ ကျူရှင်ပြီးပြီနော်..."
"ဟုတ်ကဲ့...."
"ဒါနဲ့လေ... ဒီဇင်ဘာ့ အန်တီက ဘာဖြစ်တာလဲ..?"
"အန်တီနွယ် က နေမကောင်းဘူး... ခုလဲ နေမကောင်းလို့ ဆေးရုံတင်ထားတယ်လေ..."
"အော်...အင်းပါ..."
မိုးမြေ့မာန် အောက်ထပ်ကို ဆင်းလာခဲ့သည်.... အောက်ထပ်ကို ရောက်တော့ သိုက်ရွှေယဉ် ကို လိုက်ရှာနေခဲ့သည်.... အောက်ထပ်တွင် တံမြက်စည်း လှည်းနေသော ဝေသူ က တစ်ခုခုကို လိုက်ရှာနေသော မိုးမြေ့မာန် ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်
"...."
သူ့ကို ကြည့်နေတဲ့ ဝေသူ ကို မြင်တော့မှ ပြုံးပြလိုက်သည်....
"အော်... မဝေ... ဟို... သိုက်ရွှေယဉ့် ကို တွေ့မိသေးလားရှင့်...?"
"မမသိုက်က ဒီမှာမရှိပါဘူး... အော်... မီးဖိုချောင်မှာ ရှိမယ်ထင်တယ်..."
"ဟုတ်ကဲ့ ကျေးဇူးနော်..."
မိုးမြေ့မာန် လဲ မီးဖိုချောင်ထဲကို ဝင်လာတော့သည်... မီးဖိုချောင်ထဲတွင်တော့ ထမင်းစား စားပွဲခုံတွင် ထိုင်ကာ ဖုန်းသုံးနေသော သိုက်ရွှေယဉ် ကို တွေ့သွားတော့သည်....
"မသိုက်ရွှေယဉ်..."
အသံလာရာဘက်ကို ကြည့်တော့ မိုးမြေ့မာန် ဖြစ်နေတာကို သိုက် တွေ့လိုက်သည်.... သုံးလက်စ ဖုန်းကို ပိတ်လိုက်ပြီး ဘေးနားက ထိုင်ခုံမှာ ထိုင်ပါဆိုသည့်ဟန် ပြလိုက်သည်....
မိုးမြေ့မာန် ဝင်ထိုင်လိုက်တာနှင့် သိုက် က မိုးမြေ့မာန် ကို ကြည့်ကာ မျက်ခုံး တစ်ချက်ပင့်ပြလိုက်သည်.... ဘာပြောမလို့လဲဆိုသည့် အထာနှင့်... မိုးမြေ့ ကလဲ သဘောပေါက်သည်.....

YOU ARE READING
🌹 နှင်းဆီပင်၏ ဆူးညှောင့်များ[𝐌𝐲 𝐑𝐨𝐬𝐞𝐬](GL)
Adventureဒီ story လေးက Lucia ရဲ့ ပထမဆုံး ရေးတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ပြီးပဲ ဖတ်စေချင်ပါတယ်ရှင့် 💖💖