ကျွန်တော့်ဘ၀တစ်လျှောက်လုံး စိတ်ညစ်စရာ၊ ပူပန်စရာဆိုတာ နည်းနည်းလေးမျှ မရှိခဲ့။ တက္ကသိုလ်စတက်တဲ့နေ့ကစပြီး အဲ့ပြသနာကောင်လေးနဲ့ စတွေ့တော့တာပါပဲ။ ပြသနာကောင်လေးဆိုတာကလည်း ကျောင်းသားလူဆိုးလေးလို့လည်း မဟုတ်ရပါဘူး။ ဒီတိုင်း မြင်နေရရုံနဲ့တင် စိတ်တွေတဖွဖွ တိုနေမိတဲ့ အပြစ်မရှိတဲ့ ကြောင်ရိုင်းလေးတစ်ကောင်ရယ်ပါ။
"Yrr rick!!!"
"Humm?"
နာမည်ခေါ်ရင် လှည့်မကြည့်တတ်သော ၊ အာမေဍိတ်သံလေးမှလွဲ၍ ပြန်မထူးတတ်သော ပိုင်ရှင်မဲ့ကြောင်ရိုင်းလေး....
"Rick ဒီကိုကြည့်"
"..."
သူလက်ရှိအာရုံစိုက်နေသော အရာသည် အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ ကျွန်တော့်ထက်တော့ များစွာပိုအရေးကြီးနေသယောင် ခေါ်သံကို မကြားချင်ယောင်ဆောင်တတ်သေးသည်။
"Yrrr Yujin!! Han Yujin!!!"
သူအဖက်မလုပ်လည်း ကိစ္စမရှိပေ။ အတန်းထဲက အငယ်ဆုံးလေးယူဂျင်းရှိနေသေးသည်။ ဒီကောင်လေးကလည်း rickyကဲ့သို့ပင် တခါတလေ မကြားချင်ယောင်ဆောင်သည်။ သို့သော် အော်သံကို နားညီးမခံနိုင်တော့လျှင်တော့ ပြန်ထူးတတ်သည်။ ကြောင်ရိုင်းလေးနဲ့တော့ သိပ်မတူချေ။
"ဘာလဲ Kim Gyuvin!!"
"Canteen သွားရအောင်"
"ရစ်ကီ့ကို မခေါ်တော့ဘူးလား"
"မလိုပါဘူး မင်းရှိရင်ရပြီ"
တစိတ် ကြောင်ရိုင်းလေးက သူ့ကိုပလစ်လိုက်တော့မှ မျက်စောင်းထိုးကာ လှည့်ကြည့်လာသည်။ သို့သော် လိုက်လာမည့်ပုံတော့မပေါ်။
မလိုက်လည်း ဘာဖြစ်လည်း။ ထားခဲ့ရုံပဲပေါ့။ ပြီးမှ PEချိန် ဗိုက်ဟောင်းလောင်းနဲ့ ထိုင်ငိုနေလိုက်ပေါ့။
.......................................................
"Ricky canteen မသွားဘူးလား"
"အင်း gyuvinက ငါ့ကိုမခေါ်ဘူး"
Park gunwookတစ်ယောက် တခဏတာ ဆွံ့အသွားတော့သည်။ လွန်ခဲ့သော ဆယ်မိနစ်ကပင် gyuvin နောက်ကနေ ဖင်ကုန်းအော်ခေါ်နေတာ ကြားနေရသည်မဟုတ်လား။ အပတ်တိုင်း Art classချိန်ဆို homework ကိုပါ ပြီးအောင်ဆွဲနေတတ်သည့် rickyတစ်ယောက် gyuvinပလစ်တာခံရသည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်ချေ။ သို့သော် ယနေ့ကျမှ ပို၍ ဆူပုတ်နေသော မျက်နှာလေးမှာ gyuvin စွန့်ပစ်တာခံလိုက်ရတဲ့ကြောင်ပေါက်လေးလိုပင်။
YOU ARE READING
Wild Cat Being Cute
FanfictionKim Gyuvin × Shen Ricky "ကြောင်ရိုင်းလေးတွေဟာလည်း အချစ်ခံရဖို့ ထိုက်တန်ပါတယ် ငါမင်းကိုချစ်တယ် ရစ်ခ်" "အချစ်ရဆုံးသူမို့ အဝေးကွာဆုံးနေချင်ခဲ့မိတာ အပြစ်မည်သလား Kim Gyu"