ပူပြင်းလှသောနွေရာသီအချိန်မို့ရန်ကုန်ဟာပုံမှန်ထပ်တောင်ပို၍ပူသည်။ မော်လမြိုင်မှရန်ကုန်ဘူတာကြီးသို့မနက်4ခွဲမှမှစထွက်သောခရီးသည် နေ့လည်11နာရီခန့်(ခန့်မှန်းချေ)မှဆိုက်ကပ်လာသောရထားပေါ်တွင်ဆင်းလာသော အမျိုးသမီးမှာအလွန်ပင်ကျက်သရေရှိလှသည်။နှုတ်ခမ်းနီနီ ၊ အကြည့်စူးစူးတို့သည်အလွန့်ကိုဆွဲဆောင်မှု့ရှိလှသည်။ မြန်မာဝတ်စုံအစိမ်းဝမ်းဆက်လေးဝတ်ဆင်ထားသဖြင့်မြင်သူ ပုရိသယောကျာ်းသားတိုင်းသာမက မိန်းကလေးများရဲ့အကြည့်တို့ကိုပါဆွဲဆောင်နိုင်သည့်အမျိုးသမီးဟာမြပင်ဖြစ်မည်။
'သမီးမြ'
ဒေါ်မေသီတို့ဆီ အိတ်ကလေးသယ်ကာတည့်တည့်လျှောက်လာသော မြ။
'ပင်ပန်းလိုက်တာနော် အိမ်ကကားစီးလုံးနဲ့လာခဲ့ရောပေါ့ကွယ်'
'ရထားမစီးဖြစ်ဘူးလေ အန်တီမေသီရယ် အခုလိုခရီးသွားရတော့ အပြင်မှာပေါ့ပေါ့ပါးပါးလေးနေချင်လို့ပါ'
'အေးပါကွယ် သမီးအမရာမောင် သမီးမမကြီးရဲ့ အိတ်တွေသယ်ပေးလိုက်ပါဦး'
ဖုန်းကြည့်ကာ ခြေချိတ်ထိုင်နေသည့် အမရာ့ကိုကြည့်ကာ ဒေါ်မေသီစကားစပြောလိုက်သည့်အခါမှ မြလည်းထိုကလေးမကို ကြည့်မိသည် ၊ မဟုတ်ချေ ၊ ရထားပေါ်ကဆင်းလာကတည်းကအန်တီဒေါ်မေသီဘေးတွင်ခြေချိတ်ထိုင်ကာ ခပ်တည်တည်မျက်နှာပေးနှင့်နေသောကလေးမကို မြအရင်မြင်ခဲ့သည်။
'gymကအချိန်မမှီတော့ဘူး တွေ့လား မေမေတို့လုပ်တာ'
'လူကြီးကိုပြန်ခံပတ်နေတာပဲ အိတ်သယ်ခဲ့ လာသမီးမြ အဲ့ကလေးကအဲ့လိုပဲသမီးရေ လူကြီးစကားဆိုကပ်ကပ်လန်အောင်ပြန်ခံပြောတာ'
'ဟာမေမေနော်'
မြဆိုတဲ့ထိုအမျိုးသမီးဟာရယ်သည်။လှသည်။ အပြုံးတွေဟာသိပ်လှသည်။ မြစ်ကြီးနားသူဆိုတော့အသံလေးဝဲဝဲလေးဖြင့်နားထဲပျားရည်အေးအေးလေးလောင်းချလိုက်သလိုကိုချိုမြ၍နားထောင်ကောင်းလွန်းသည်။ 30ဝန်းကျင်လောက်ဖြစ်မည်။ ဒါဆိုအန်တီလှလှပေါ့ ၊ အန်တီလှလှရှေ့မှာမကောင်းတင်းပြောခံရသည်မို့အမရာသိပ်တော့ဘဝင်မကျ။