Part-20

296 22 2
                                    

အနောက်လေပြေအေးတွေနဲ့အတူရောက်ရှိလာပြီဖြစ်
သည့်December..သူ့ရဲ့မွေးလဆိုလည်းမမှားပေ။
မိုးနံံ့လေးကမဆိုသလောက်လေးရတုန်း။

"အဖွားက ဘယ်သူ့အတွက်မာဖလာထိုးပေးနေတာ
လဲ"

လှုပ်ကုလားထိုင်ပေါ်မှာမျက်မှန်အကြီးကြီးတပ်ပြီး
မာဖလာလေးတထည်ကိုသည်းကြီးမည်းကြီးထိုးနေ
သောအဖွားlulaကိုမေးခွန်းထုတ်မိ၏။

"အဖွားရဲ့ယောကျ်ားအတွက်ပေါ့ကွဲ့..အဖွားတို့
လူငယ်ဘဝကအယူတခုရှိတယ်..ဆောင်းရာသီမှာကိုယ်သဘောကျတဲ့လူကိုမာဖလာလေးကိုယ်တိုင်ထိုးပြီး
ပေးရင်အဲ့လူကိုကံကောင်းခြင်းတွေနဲ့အေးချမ်းခြင်း
တွေယူဆောင်လာပေးတယ်တဲ့..ဒါကအဖွားတို့ကိုယ်တိုင်ဖန်တီးထားတဲ့အယူတခုပါ"

သဘောကျမိတဲ့သူဆိုတော့ဆရာ့ကိုပြေးမြင်မိတယ်။
ဆရာ့ကိုရောမာဖလာလေးတထည်ထိုးပေးရင်ကောင်း
မလား..ဆရာကြိုက်လောက်မှာပါ။

"ကျွန်တော့်ကိုလည်းမာဖလာထိုးနည်းသင်ပေးပါလား
အဖွား"

"ကောင်လေးရောသဘောကျမဲ့လူတွေ့နေပြီလား"

အဖွားlulaရဲ့အပြောကိုအပြုံးလေးဖြင့်တုံံ့ပြန်လိုက်
သည်။

ဒီလိုနဲ့ထိုးလာခဲ့တာမသေမသပ်နဲ့ခရမ်းရောင်မာဖလာ
တထည်ရလာခဲ့ပြီ..လက်မှာတော့ဒဏ်ရာပလပွနဲ့။
ဒါပေမဲ့..ချစ်ရတဲ့သူအတွက်ဆိုတော့ထိုဒဏ်ရာတွေ
ဟာစိတ်ထဲရှိမနေခဲ့ပါ။မာဖလာရဲ့အဆုံးသတ်နားလေး
မှာJ.Jဆိုတဲ့စာလုံးလေးတွေ..ဆရာ့ရဲ့english
နာမည်ကိုအတိုကောက်ယူလိုက်တာ။

ဒီမာဖလာလေးဆရာ့ကိုပေးရင်'kimကတော်လိုက်တာ'ဆိုပြီးသူ့ရဲ့ခေါင်းကိုပွတ်သပ်ပေးအုံးမှာ။
ကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးနေခဲ့ပြီးနောက်မာဖလာ
အစိမ်းရောင်လေးကိုထုတ်လိုက်သည်။

ဒါလေးကဆရာနဲ့ဆင်တူဝတ်မယ်ဆိုပြီးသူ့အတွက်
ကိုယ်တိုင်ထိုးထားတာ။ခရမ်းရောင်မာဖလာလေးပုံစံ
မျိူးအဆုံးသတ်မှာTeTeဆိုတဲ့စာလုံးလေး။

ရယ်ဖို့ကောင်းလိုက်တာ။အနွေးထည်ကိုသေချာဝတ်
လိုက်ပြီးဆရာရှိရာထံပါးသို့မာဖလာထည့်ထားသည့်
ဘူးလေးကိုကိုင်ကာသွားလိုက်သည်။

Those ocean eyes🌊Where stories live. Discover now