Rude

910 70 2
                                    

(This is just a fanfiction and it's just my imaginary made up story. Any of this is true so don't take it serious.)

"ကိုကို !"

"‌အွန်း"

ယူဂျင်းရဲ့ခေါ်သံအဆုံး မျက်နှာချင်းဆိုင်ရှိခုံပေါ်မှာပုံ့ပုံ့ကလေးထိုင်ပြီး ရုပ်ရှင်ကြည့်ရင်းပီဇာတွေပလုတ်‌ပလောင်းစားနေရာကနေ‌မော့ကြည့်လာပါတဲ့ကိုကိုအလှလေး ခ်ခ် ရှန်ချွမ်းရွေ့လိုအလှလေးကယူဂျင်းတဲ့အပိုင်တဲ့ကွာယုံတောင်မယုံချင်မယုံချင်လည်းယုံမှရမယ် မဟုတ်ရင် ရှန်ချွမ်းရွေ့ကိုလုယူချင်နေကြတဲ့သူတွေကများလှသည်မဟုတ်လား. ယူဂျင်းတောင်ကိုကို့အချစ်ကိုရဖို့ဘယ်လိုပိုးပန်းခဲ့ရတာမလို့လဲ.

 ဆေးအရောင်တင်ထားသောခပ်ရှည်ရှည်ဆံနွယ်ဖြူကိုပိုင်ဆိုင်ထားတဲ့ကိုကိုဟာရှန်ရစ်ခီဆိုတဲ့နာမည်နဲ့ ယူဂျင်းတို့တက်နေတဲ့ဆိုးလ်သက္ကသိုလ်ကိုပြောင်းလာတဲ့တရုတ်ပြည်ကသူဌေးသား. သူဌေးသားမလို့လူတိုင်းကရှိန်ပြီးအနားမကပ်ရဲခဲ့ကြသလို ရစ်ခီကလည်းဘယ်သူ့ကိုမှအရေးတယူမလုပ်ခဲ့. ဒါပေမဲ့ပညာရေးမှာအပြစ်ပြောစရာမရှိလောက်အောင်စာတော်တဲ့အပြင်ရုပ်ရည်မှာလည်းမိန်းကလေးရောယောကျာ်းလေးများပါကြွေဆင်းသွားတဲ့အထိမလို့တက္ကသိုလ်တစ်ခွင်မှာရစ်ခီရှန်ရဲ့အကြောင်းဆိုမသိတဲ့သူမရှိလောက်တဲ့အထိနာမည်ကြီးသည်.

ယူးဂျင်းကတော့အတန်းဖော်အချင်းချင်းတောင်လိုအပ်မှာမေးထူးခေါ်ပြောလုပ်ခဲ့တဲ့ကိုကို့ကိုဂုတ်ဖက်‌ပေါင်းနိုင်အာင်အတင်းလိုက်ကပ်ပြီးမိတ်ဖွဲ့လာတဲ့ ဝမ်းကွဲအကိုတော်ကြီးကင်မ်ဂယူဗင်းကိုသာကျေးဇူးတင်နေမိသည်. သူ့ကြောင့်သာ ရစ်ခီရှန်ဆိုတဲ့အကိုကြီးနဲ့ခင်မင်ရင်းနှီးခွင့်ရခဲ့တာမဟုတ်လား. မိတ်ဖွဲ့ပြီးခင်သွားတဲ့နောက်ပိုင်းမှာ ယူဂျင်းရဲ့အစ်ကိုပေါက်စ ဟာသူ့ရဲ့ပုံစံအစစ်အမှန်လေးကိုချပြလာသည်. သူ့ရဲ့အကြောင်းစုံကိုသိခွင့်ရလာသည်. ရုပ်တည်ကြီးနဲ့နေတတ်ပြီးမိမိုက်သလိုလုပ်နေပေမဲ့စတော်ဘယ်ရီအရမ်းကြိုက်တဲ့ကိုကိုဟာအမူအကျင့်လေးတွေကအစကြောင်ပေါက်လေးတွေနဲ့တူနေတာမလို့ယူဂျင်းတို့တစ်ဖွဲ့လုံးရဲ့အချစ်ခံလေး. ယူဂျင်းတို့အဖွဲ့ထဲကနောက်ထပ်တရုတ်လေးတစ်ယောက်ဖြစ်တဲ့ဟာအိုဟျောင်းဆို ကိုကို့ကိုသည်းသည်းလှုပ်. မက်သရူးဟျောင်းနဲ့နှစ်ယောက်ပေါင်းပြီးပါးလေးဖဲ့လိုက်ဆံပင်လေးသပ်ပေးလိုက်နဲ့သွားသွားလုပ်နေကြတာ. ဟိုကလည်း skinship ကြိုက်တဲ့ပုံမပေါ်ပေမဲ့အားနာလို့ထင်ပါရဲ့ဘာမှပြန်မပြောငြိမ်နေကာတစ်ခါတလေမှမကြိုက်ကြောင်းပြလေသည်. ဒါပေမဲ့ယူဂျင်းဆိုရင်တော့ဘာပဲလုပ်လုပ်ငြိုငြင်တဲ့ပုံတောင်မပြပဲငြိမ်နေခဲ့တာမလို့ကိုယ်ကယုံကြည်ချက်အပြည့်နဲ့ချစ်တယ်လို့ဖွင့်ပြောမိတော့နှစ်လတိတိမူနေခဲ့တာမလို့တစ်ဖွဲ့လုံးမှာရှိသမျှသူတွေဆီကနည်းတောင်းပြီးမနည်းလိုက်ပိုးပန်းခဲ့ရသည်. တန်ပါတယ်အခုဆိုယူဂျင်းထက်တဖြည်းဖြည်းပိုသေးကွေးပြီးပိုချစ်စရာကောင်းလာတဲ့ ရစ်ခီရှန် ခေါ် ရှန်ချွမ်းရွေ့ကဟန်ယူဂျင်းရဲ့အပိုင်လူသားလေးဖြစ်လာတာ ၂ နှစ်ရှိနေပြီလေ.

RudeWhere stories live. Discover now