Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၂)။
ထိုနှစ်ယောက်ကြားကစကားဝိုင်းကိုခိုးနားထောင်ပြီးနောက် လင်ခုံးလုတိတ်တခိုးအံ့သြသွားရသည်။ ယန်ဖုန်းရဲ့ချစ်ရသူဘော့စ်ကကိုယ်ပိုင်အသိစိတ်ရလာတာလား။
ဒါပေမဲ့ဂိမ်းထဲကဇာတ်ကောင်တွေအကုန်လုံးကဒေတာတွေမဟုတ်ဘူးလား။ သူ့ပင်မကမ္ဘာမှာဆို ကြယ်စုခေတ်ကအစွမ်းအထက်ဆုံးသိပ္ပံပညာရှင်တွေတီထွင်ထားတဲ့ရှေ့အပြေးဆုံးAIကစိတ်ခံစားချက်ပိုင်းမှာလူသားတွေနဲ့မတူညီနိုင်ဘူး။ သူတို့ကအခြားအပိုင်းမှာအရမ်းဉာဏ်ကောင်းပေမဲ့စိတ်ခံစားချက်ပိုင်းမှာတော့သူတို့အများစုက0687နှင့်ဆင်တူပြီး တုံးတယ်။
0687: "?" မင်းယဥ်ကျေးနေတာလား။
ဒီတော့အလယ်ပိုင်းမှာဘော့စ်ကကိုယ်ပိုင်အသိစိတ်ရသွားခဲ့တာလား၊ ဒါမှမဟုတ်သူက.....တကယ့်လူအစစ်လား။ သူနဲ့ရွှီယန့်လိုမျိုး ကစားသမားတွေကသူတို့ကိုဒေတာတွေလို့အထင်မှားနေတာလား။
ကြယ်စုခေတ်ကိုမရောက်သေးတဲ့ဒီကမ္ဘာငယ်လေးရဲ့နည်းပညာလယ်ဗယ်ကသူနေတဲ့ကြယ်စုခေတ်ထက်ပိုမြင့်နေတာတော့မဟုတ်နိုင်ဘူး။
လင်ခုံးလုရုတ်တရက်ဒီအဆုံးမဲ့ကမ္ဘာ၏လည်ပတ်မှုကိုအလွန်စိတ်ဝင်စားလာသည်၊ ထိုဆေးရည်နှင့်ကစားသမားများကိုချက်ချင်းပြန်ရှင်စေနိုင်တဲ့အခွင့်အရေးကိုရောပေါ့။ သိတဲ့အတိုင်း၊ ကြယ်စုခေတ်နဲ့မသေမျိုးကမ္ဘာမှာတောင် ဒီလောက်မြန်မြန်ကြီးအလုပ်လုပ်တဲ့ဆေးမရှိဘူး။
သူ့အိတ်ကပ်ထဲကိုနှိုက်ကြည့်လိုက်တော့ မလွှတ်ပစ်ရသေးသည့်ဆေးပုလင်းအခွံကိုတွေ့လိုက်သည်။ သူစနစ်ကိုပြောလိုက်သည်။
"ဒီမှာဆေးရည်ကျန်သေးတယ်၊ ငါ့ကိုကူစမ်းသပ်ပေးအုံး။"0687: "ဒီထဲမှာဘာရှာစရာရှိလို့လဲ။ ဒေတာပဲဖြစ်မှာပေါ့။"
လင်ခုံးလု: "???"
"ဂိမ်းကပုံရိပ်ယောင်ကမ္ဘာဆိုတော့ ကစားသမားတွေလဲလို့ရတဲ့အိုင်တမ်တွေအကုန်လုံးကဒေတာနဲ့လုပ်ထားတာချည်းပဲ။ ဒါကိုစမ်းသပ်ဖို့လိုသေးလို့လား။"
0687ကအချက်ကျကျဆိုသည်။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
ActionArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့