"ကျွန်တော် ကျောင်းသွားပါပြီ "
Mingyu အိမ်ထဲမှ ထွက်ကာ အသိပေး အော်ပြောနေသည်။
" ဟုတ်ပြီ ဟုတ်ပြီ သား။ ကောင်းကောင်းသွား"
မိခင်ဖြစ်သူ အိမ်ထဲမှ မုန့်ဖုတ်နေရင်း ပြန်ဖြေလားသည်။
ဒီနေ့ Mingyu အနည်းငယ်စိတ်လှုပ်ရှားနေသည်။
ကျောင်းက ဒီနေ့မှ စတက်တာတော့ မဟုတ်ပေ။ ဒါပေမဲ့ ကျောင်းတစ်ပတ်တောင်ပျက်ပြီး ပြန်တက်တာဆိုတော့ ကျောင်းမှာ ဘာတွေ ဖြစ်နေသည် ကို စိတ်ဝင်စားနေပြီ။ ဆယ်ကျော်သက်ကျောင်းသားတွေရဲ့ သဘာဝဟု ဆိုရမည်သကား။
ခြေလှမ်းကို အနည်းငယ် သွက်လိုက်သည်။" Hey Mingyu ကျောင်းသွားပြီပေါ့ "
စပျစ်ခင်းမှ Wonwoo Hyung ၏အသံ။
" ဟုတ်ကဲ့ Hyung he he"
"အေးဟ ကောင်းကောင်းသွား ဖြေးဖြေးသွား အချိန်က စောပါသေးတယ်ဟ။"
"ဟုတ်ကဲ့ပါ Hyung ရယ်"Wonwoo တစ်ယောက် ခေါင်းခါ ပြီး စကားဆက်မပြောတော့ချေ။ Mingyu တစ်ယောက် စိတ်လှုပ်ရှားနေမည် ဆိုတာ wonwoo သိသည်။ အရင်က သူတို့ကျောင်းအတူ တက်ခဲ့ဖူးသည် မို့ wonwoo နားလည်ပါသည်။ သူငယ်ချင်းတွေနဲ့ စနေ တင်္နဂနွေ နှစ်ရက် ခွဲရရင်တောင် မနေနိုင်ကြတာ မဟုတ်လား။
ဒီလို ဆိုတော့လည်း ကျောင်းသား ဘဝကို လွမ်းမိသား။
Wonwoo တစ်ယောက် အတွေး ကမ္ဘာထဲ ရောက်လို့နေသည်။"သားရေ မုန့်လာစားအုံး"
မေ့မေ့ အသံကြားမှ Wonwoo တစ်ယောက် သတိကပ်လာကာ
"ဟုတ်ကဲ့ အစ်မကြီး Choi လာပါပြီ ဗျာ"
Wonwoo အပြည့်နီးပါး ရှိပြီဖြစ်တဲ့ စပျစ်ခြင်းက မပြီး ပြန်လာခဲ့တယ်။"Hello Mingyu"
"Hi"
"သက်သာပြီလား"
"ဟေး စာတွေလိုက်ကူးထားနော်"
Mingyu တစ်ယောက် ကျောင်းရောက်တာနဲ့ သတင်းစာရှင်းလင်းပွဲတက်နေရသလို ဖြေနေရသည်။
"ကောင်းပြီကွ အေးပါ အေး "
ကြားတဲ့သူခံယူ ဆိုပြီးေဖြနေလိုက်တယ်။"Mingyu ဘယ်လိုလဲ။ အဆင်ပြေလား" သူငယ်ချင်းအရင်းခေါက်ခေါက် Jiyoonထံမှ
"အေး ကောင်းပါတယ် သားကြီး ငါ အူအတက်လေးဘဲ ခွဲလိုက်တာပါ "
Mingyu ပြန်ဖြေမိသည်။
" ခွဲတယါဆိုခွဲတာပေါ့ ငါတို့ဆို ကာကွယ်ဆေးကလွဲပြီး မထိုးခဲ့ကတော့ ခွဲစိတ်တယ်ဆို အကြီးကြီး လိုဖြစ်နေလို့ကွ" Jiyoon ပြောလိုက်သည်။
"အေးပါ ငါရောဂါကြီး ဖြစ်ခဲ့တယ်ဘဲ ထားလိုက်ပါတော့"
Mingyu မဲ့ကာ ပြန်ဖြေလိုက်သည်။