Ep-3

823 88 6
                                    

ညဘက်..

ငါအခန်းထဲမှာပဲ ၁၂နာရီထိုးဖို့အတွက်ကို
စောင့်မျှော်နေသည်..။ ညနက်နေပြီဖြစ်တာကြောင့်
တစ်အိမ်လုံးလဲတိတ်ဆိတ်လို့နေသည်..။ ဝမ်းသာ
စရာတစ်ခုက ဒယ်ဒီသည် အလုပ်ကိစ္စနဲ့
ခရီးသွားမည်ဟု ဖုန်းဆက်လာသည်..။ အဲ့တာကြောင့်
တစ်ပတ်လောက်တိတိကို ဒယ်ဒီ‌သည် အိမ်မှာ
ရှိနေမှာမဟုတ်ပါ..။

ဝရန်တာအပြင်ဘက်သို့ထွက်ပြီး ခြံထဲအား
ငါလှည့်ပတ်ကြည့်လိုက်သည်..။ အလုပ်သမားတွေ
နေတဲ့အဆောင်က‌လဲ မှောင်နေပြီဖြစ်တာကြောင့်
သေချာပေါက် အိပ်ပျော်နေကြပြီ..။ ပုံမှန်ဆို
အိမ်တော်ထိန်းကို ပြောပြီးထွက်လို့ရပေမယ့်
ဟိုကောင်လေးကြောင့်ပင်..။ ဒယ်ဒီကလဲ
ဘာလို့သက်တော်စောင့်ခန့်မှန်းကို မသိပါ..။
ငါ့ရဲ့လွတ်လပ်နေတဲ့ ဘဝလေးတောင် မွန်းကျပ်
သွားသလိုပဲ..။

တစ်ဆက်ထဲပင် သူနေသည့် အခန်းအား
ငါလှမ်းကြည့်လိုက်သည်..။ အိမ်မှာရှိသည့်
အလုပ်သမားတွေအကုန်လုံးကို အလုပ်သမား
အဆောင်မှာထားပေမယ့် သူ့ကိုတော့
ငါ့အခန်းဘေးမှာထားသည်..။ ဒါက
ပြဿနာတော့ မရှိပါဘူး..။

အခန်းအား ကြည့်လိုက်တော့ မှောင်မဲနေပြီ
ဖြစ်တာကြောင့် အိပ်နေပြီဟု ယူဆရမလားပဲ..။
သေချာအောင်လို့ ငါမိနစ်အနည်းငယ်
ထပ်ပြီး စောင့်လိုက်သည်..။ ဘာအသံမှမကြားတာကြောင့် သေချာပေါက်ကို အိပ်နေပြီပင်..။

အခန်းထဲပြန်ဝင်လာပြီး ကလပ်သွားမှာ
ဖြစ်တာကြောင့် ခပ်မိုက်မိုက်ဖြစ်မည့်
အဝတ်အစားအား ငါရွေးဝတ်လိုက်သည်..။
Leather ဘောင်းဘီအနက်ကိုမှ အပေါ်ကနေ
Tank topအနက်ကိုပဲ ထပ်ပြီး leather jacket
အနက်ရောင်ကို ငါဝတ်လိုက်သည်..။

ရိုးရိုးကြီးဖြစ်နေမှာဆိုးတာကြောင့် နားမှာ
နားကပ်လေးအား ဝတ်လိုက်ပြီး ဆွဲကြိုးနဲ့
လက်စွပ်ပါ တစ်ခါထဲ ဝတ်ဆင်လိုက်သည်..။
ပြီးသည်နှင့် အခန်းအပြင်ကို ငါထွက်ဖို့ပြင်သည်..။

" ဘယ်သွားမလို့လဲ အစ်ကို.."

" အမလေး!!.."

တံခါးဖွင့်လိုက်သည်နှင့် မိန့်မိန့်ကြီး လက်ပိုက်ကာ
ရပ်နေသည့်သူ..။ ညသန်းခေါက်ကြီးမှာ
ရုတ်တရက်တွေ့လိုက်ရတော့ မလန့်ပဲနေမလား..။
သူတကယ်ကြီး မအိပ်သေးတာလား..။
ဘယ်ထဲက စောင့်နေတာလဲ မသိဘူး...။
သွားပါပြီ ငါ့အစီစဉ်လေး..။

MISSION { COMPLETED }Where stories live. Discover now