Part 14

224 9 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၁၄)
..………………………………
               
"ဟယ်…သား… အလုပ်မသွားဘူးလား…ဒီနေ့က ဘာနေ့မို့လို့လဲ"
                
အိမ်နေရင်း အဝတ်အစားနှင့် ထမင်းစားခန်းထဲဝင်လာသည့် သူ့ကို မေမေက တအံ့တသြ ကြည့်ပြီး မေး၏။မအေ နေမကောင်းသည့် ကိစ္စမှလွဲ၍ သူ နေမကောင်းလျှင်တောင် ဆေးသောက်ပြီး အလုပ်သွားသည့်သူ့ကို မေမေ အံ့သြလည်း မထူးဆန်းပေ။သူလည်း ချိတုံချတုံ စဉ်းစားပြီးမှ ဆုံးဖြတ်ထားခြင်းဖြစ်သည်။ဦးညီညီကို မဖမ်းနိုင်သေး၍ မေမေနှင့် မေပျိုကို နောက်ဆံတင်းစိတ်ပူရ
မည့်အတူတူ သူလည်း တစ်ရက်နားလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
               
"နေမကောင်းလို့လား…ဘာဖြစ်လို့လဲ သား"
                
မေမေက သူ့ရှေ့သို့အပြေးလာပြီး နဖူးကို စမ်း၏။
                
"ကိုယ်မပူပါဘူး။ဘာဖြစ်လို့ အလုပ်နားတာလဲ"
               
"ဘာမှမဖြစ်ဘူးလေ…ဒီနေ့ နားချင်လို့"
               
သူ့စကားကြောင့် မေမေက ခစ်ခနဲထရယ်၏။
               
"အမယ်…ထူးဆန်းလိုက်တာ။အလုပ်တွေ ဘာတွေနားလို့…"
                
မေမေ၏ ပြုံးစစအကြည့်ကို ရိပ်မိသလိုရှိ၍ ရှောင်ကွင်းကာ ထမင်းစားပွဲခုံပေါ်မှာ သွားထိုင်လိုက်သည်။ထမင်းစားခန်းတွင် မေပျို အရိပ်အယောင်မတွေ့၍ တစ်ချက်ဝေ့ဝဲကာ ရှာကြည့်လိုက်သေးသည်။ဒါကို မေမေက သိနေသည့်အလား အနားမှာလာထိုင်ပြီး
                 
"မေပျိုက စောစောကပဲ"
                 
"ပြန်သွားပြီလား"
                 
သူ အလောတကြီးဖြတ်မေးလိုက်သည့်အခါ မေမေက ဟန်မဆောင်နိုင်အောင် ထရယ်၏။သူ့မှာ မေမေ့ရယ်သံကြောင့် မျက်နှာတွေ ရဲအောင် ရှက်သွားမိသည်။
               
"အမယ်လေး ငါ့သား လူပျိုကြီးကတော့ ဒုက္ခပဲ…
ဘာလဲ…မေပျို ပြန်မှာ ကြောက်နေတာလား"
              
မေမေက လေသံကိုလျှော့ပြီး အနားကပ်မေး၏။သူ့မှာ ပြူးပြူးပြဲပြဲ ထငြင်းရသည်။
                
"မဟုတ်ပါဘူး…မေမေကလဲ…အဲ့ဒီလိုတွေ ခဏခဏ မပြောပါနဲ့ နေရခက်လို့ပါ"
                
"ဘာနေရခက်စရာရှိလဲ…အမှန်အတိုင်းပြော…
သားလည်း မေပျိုထွက်သွားမှာ ကြောက်တယ် မဟုတ်လား"
                
"ဟာ မကြောက်ပါဘူး…ဘာကိစ္စ ကြောက်ရမှာလဲ အဲ့ဒီကလေးမကိုအလုပ်ခိုင်းထားတယ်…ဒေါ်လေး သူ့ကို သွားခေါ်ပေးပါလား"
               
သူ ခပ်တည်တည်ပြောလိုက်သည့်အခါ မေမေသည် ရယ်လက်စရပ်ပြီး သူ့ကို ခပ်တည်တည် ကြည့်၏။
                
"ကလေးကို ဘာတွေ ခိုင်းမလို့လဲ"
                 
"ဘာကလေးလဲ…အသက် နှစ်ဆယ်ပြည့်တော့မယ့်သူက ကလေးလား။မေမေ… သူ
မလာခင်ကတည်းက မေမေ့ကို တစ်ခါတည်းပြောထားမယ်နော်။သား သူ့ကို အလုပ်ခိုင်းတဲ့အခါ မေမေ ရှေ့ကနေ ကပ်ဖဲ့ ရပ်ဖဲ့ မလုပ်နဲ့…ဒီနေရာမှာသားက အလုပ်ရှင်ပဲ"
               
မေမေ၏ မကျေမနပ်အကြည့်တို့ကို မသိဟန်ဆောင်ပြီး ကော်ဖီကို  နှစ်နှစ်ခြိုက်ခြိုက် မော့သောက်လိုက်သည်။ထိုအချိန် မေပျိုနှင့် ဒေါ်လေးသည် ထမင်းစားခန်းထဲသို့ ဝင်လာ၏။မေပျိုက သူ့ကို ဘုကြည့်ကြည့်ပြီး ခပ်လှမ်းလှမ်းမှာရပ်နေ၏။သူ ကော်ဖီခွက်ကို ချပြီး မေပျို မျက်နှာကို လှမ်းကြည့်လိုက်သည်။
                 
"မင်းကို မနေ့က ညက ပြောတဲ့ကိစ္စ…စဉ်းစားပြီးပြီလား…"
                   
"အင်း…ဒါဆို အလုပ်လုပ်မယ်ပေါ့"
                    
မေပျိုက ခေါင်းကို လေးလေးပင်ပင်ညိတ်ပြသည်။
                  
"ကောင်းပြီ ဒါဆို ဒီနေ့ကို မင်း အလုပ်စဝင်တဲ့နေ့အဖြစ် သတ်မှတ်ပေးမယ်…အိမ်ရဲ့သန့်ရှင်းရေး ခြံရဲ့ သန့်ရှင်းရေး
အကုန်လုပ်ရမယ်…ဖုန်တစ်စက်မရှိအောင်ပေါ့"
                
"ဟယ်…သား…မေပျိုကို ဘယ်လိုပြောလိုက်တာလဲ"
                    
"မေမေ သားအလုပ်သမားကို သားစကားပြောနေတယ်…ဖြစ်နိုင်ရင် မေမေနဲ့ ဒေါ်လေး ခဏထွက်ပေးပါလား။
သား သူ့ကို အလုပ်ကိစ္စပြောစရာရှိလို့"
                     
"မထွက်ပေးနိုင်ဘူး…ဒီနေရာက မေမေ့အိမ်။
သားရုံးခန်း မဟုတ်ဘူး။ပြီးတော့ မေပျိုကို ဘယ်လိုနည်းနဲ့မှ အလုပ်သမားခိုင်းသလို မေမေ မခိုင်းနိုင်ဘူး"
                     
မေမေ့ဆီက မာရေကျောရေအသံကို သူ ပထမဆုံး နားထောင်ဖူးခြင်းပင်။မေမေသည် အခိုင်းခံရသည့် မေပျိုထက် စိတ်တိုလို့နေ၏ ။
                      
"မေမေ့ကို သားပြောထားတယ်လေ။သား အလုပ်သမားကို သား ခိုင်းရင် မေမေ ဝင်မပြောပါနဲ့လို့"
                      
"ဟာ…ပြောရမယ်လေ။မင်းက ဘယ်နေရာထိ အလုပ်ရှင် လာလုပ်နေတာလဲ။ဘုန်းသစ်မင်း မင်းစိတ်ထဲမှာ လူတွေကို အားနာရမယ့်စိတ် မရှိဘူးလား"
                
"ဘာလို့အားနာရမှာလဲ။အလုပ်ရှင်နဲ့ အလုပ်သမားပဲ ပြောစရာရှိပြော ခိုင်းစရာရှိတာ ခိုင်းရမယ်လေ"
                 
"ဘုန်းသစ်မင်း မင်း လွန်လာပြီနော်"

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now