Chapter - 2

771 77 11
                                    

[ Unicode version ]

( Warning ⚠️ - Because it contains adult scenes, please do not read for those who are not of legal age )

ဖြူလွှလွှလိုက်ကာကို ဖွင့်လိုက်သည်နှင့်နေရောင်က တစ်ခန်းလုံးကိုလင်းထိန်သွားစေသည်။ အိပ်ယာထနောက်ကျတတ်သည့် ကိုကိုက ကုတင်ပေါ်ကနေ မျက်လုံးလေးတွေပွတ်ပြီး တစ်ဖက်လှည့်ကာပြန်အိပ်ဖို့ပြင်နေတာမို့ ကျစ်ကွမ်းက အမြန်ပြေးသွားကာပင် ကိုကို့ ကိုအနောက်မှသိမ်းကြုံးပွေ့ဖက်ထားလိုက်သည်။

" ကိုကို ထတော့လို့ ဗိုက်ဆာနေပြီ "

" အင်း...ဗိုက်ဆာရင်ကိုယ့်အိမ်ကိုယ်ပြန်စားတော့လေ၊ အိပ်ချင်သေးတယ် "

မျက်လုံးကိုလုံးဝမပွင့်ဘဲ ဂျစ်ကျနေတဲ့ကိုကိုက အိပ်တာနဲ့ပတ်သတ်ရင်တော့ လုံးဝအလျှော့မပေး။ ကျစ်ကွမ်းက ကိုကိုလှည့်အိပ်နေတဲ့ဘက်ခြမ်းကိုကျော်ခွသွားလိုက်ပြီး ကိုကို့ ပါးနှစ်ဖက်ကို လက်တစ်ဖက်တည်းနဲ့ဆွဲညှစ်ပြီး ဆူထွက်လာတဲ့နှုတ်ခမ်းကိုဖိနမ်းလိုက်တော့သည်။

" အွန်း!! "

" အားးးးး "

ကျစ်ကွမ်းရဲ့ဗိုက်ခေါက်ဟာကိုကို့ဆီမှာလိမ်ဆွဲခံလိုက်ရခြင်းပင်။ ရက်စက်တာလေ။ မျက်နှာလေးချစ်ဖို့ကောင်းသလောက် လက်သန်ကတအားပြောင်တာ။

" ရှမျိုးရိုး!! မင်းကိုဘယ်နှခါပြောရမလဲ မျက်နှာမသစ်ရသေးဘဲမနမ်းပါနဲ့ဆိုတာကို "

ကိုကိုကချက်ချင်းပဲငုတ်တုတ်ထထိုင်ပြီး ကျစ်ကွမ်းကိုဆူပါတော့သည်။ ရှုပ်ပွ‌နေတဲ့ဆံပင်ထောင်ထောင်လေးတွေနဲ့ ကိုကိုသူ့ကိုဆူနေတဲ့အသံကလည်း ကျစ်ကွမ်းအတွက်နားဝင်ချိုစရာပဲ။

" ကိုကိုကလည်း ဒီတိုင်းနမ်းချင်လို့ဟာကို မကျေနပ်ဘူးလား လာ ကျွန်တော့်ကိုပြန်နမ်း "

ပြောရင်းနဲ့နှုတ်ခမ်းကြီးရှေ့တိုးလာတဲ့ကျစ်ကွမ်းကြောင့် ကိုကိုကအနောက်ဘက်ကိုယိုင်ပြီး လက်ထဲကခေါင်းအုံးနဲ့ကျစ်ကွမ်းကိုပစ်ပေါက်လိုက်တော့သည်။ ပြီးတဲ့နောက် ကုတင်ပေါ်ကထကာ ရေချိုးခန်းထဲပြေးဝင်ရင်း ကျစ်ကွမ်းကိုလည်းရန်စသွားပါသေးတယ်။

𝚄𝚗𝚌𝚘𝚗𝚍𝚒𝚝𝚒𝚘𝚗𝚊𝚕𝚕𝚢 | 𝚉𝚑𝚒𝙹𝚞𝚗Where stories live. Discover now