Part-6(Zawgi)

187 3 0
                                    

ဇန်နဝါရီလမနက်ခင်းရဲ့ နေရောင်ခြည်ကနွေးနွေးလေးဖြစ်သည်။ မုန့်စားဆင်းချိန်မို့ အပြင်ထွက်လာကြသည့်ကျောင်းသားတွေက လက်တွေအချင်းချင်းပွတ်နေကြရသည်။ အေးလွန်းတော့လည်း ပါးစပ်တွေထဲကပါ အငွေ့တထောင်းထောင်းထလို့..။

ရှောင်းကျန့်တို့ကျောင်းရှိရာ ခြံဝန်းအလယ်မှာ အရွက်တစ်ရွက်မှမရှိလို့ သေနေသည်လို့ထင်ရသည့် ရိုးတံကျဲအပင်ကြီးကိုတွေ့ရသည်။ အနွေးအင်္ကျီကုတ်၊ ဟူဒီ၊ ဆွယ်တာတွေကို ကျပ်ထုပ်‌နေသည့်ဂျင်း‌ဘောင်းဘီများနှင့် ရောင်စုံမာဖလာများကို လည်ပင်း၌ပတ်ထားပြီး သိုးမွေးဦးထုပ်များဆောင်းထားကြသည့် ကောင်မလေးတစ်စုက ထိုသစ်ပင်အောက်မှာ ဝိုင်းဖွဲ့ပြီးမုန့်တွေဖလှယ်စားနေသည်။

‌ခြံဝန်း‌အလယ်ကလှမ်းကြည့်မည်ဆိုလျှင် ပြတင်းပေါက်အသီးသီးမှာဆီးနှင်းခဲတွေကပ်နေသည်။

အပြာနုရောင်သိုးမွေးထည်ဖြင့်ရှောင်းကျန့်က မုန့်တစ်ခုခုစားရန်စဉ်းစားပြီး ကန်တင်းရှိရာဘက်ထွက်လာသည်။ ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်ထည့်လို့ ခပ်မိုက်မိုက်ပုံဖြင့်လမ်းလျှောက်လာသည့် ရှောင်းကျန့်ကို ကောင်မလေးအများစုက လည်ပြန်ငေးကြသည်။

ဘာကိုမှဂရုစိုက်ပုံမရသည့် ရှောင်းကျန့်က သူတို့ကျောင်းမှာ အပေါက်ဆိုးသည်ဟုနာမည်ကြီးပြီး အကုန်လုံးကြောက်ရသည့် ဆရာမလာနေတာတောင် မမြင်ချင်ယောင်ဆောင်၍ သူ့ပုံစံအတိုင်းဆက်သွားသည်။ ကန်တင်းရောက်တော့ နေရောင်ခြည်နွေးနွေးရသည့် နေရာမှာထိုင်ပြီးအီကြာကွေးတစ်ချောင်းနှင့်ပဲနို့ပူပူ‌လေးတစ်ခွက်မှာယူကာ စားပွဲပေါ်ခဏတင်ထားလိုက်သည်။

အမည်းရောင်ကိုင်းပါ အဝေးကြည့်မျက်မှန်တပ်ထားသည့် ရှောင်းကျန့်က အပျိုမလေးတွေကြားမှာ ရုပ်ရှင်မင်းသားတစ်ယောက်နှင့်တူသည်။ အပြစ်မရှိချောမောလွန်းလှသည့်မျက်နှာထားကြောင့် ရှောင်းကျန့်ကကောင်မလေးတွေကြားမှာ အရမ်းနာမည်ကြီး၏။

သို့ပေမယ့် ရှောင်းကျန့်အတွက်က တစ်နေ့လုံးနေမှစကားဆယ်လုံးပြည့်အောင်ပြောဖို့အတွက် အဖော်မရှိတာကြောင့် သိပ်ကိုခြောက်ကပ်လွန်းသည်။ အားလပ်ချိန်ဆို ရိပေါ်ကထမင်းချိုင့်ထုတ်စားပြီး စာကြည့်တိုက်ဘက်သွားတတ်သည်မို့လေ။

𝖬ɣ 𝖧౿ɑ𝗋𝗍 Ԝꪱᜒᥣᥣ 𝖦𝗈 ᝪ𐓣 (Complete)Where stories live. Discover now