Royal Omega Become My Mate
___________________________________ဝှားးး!
ညလယ်ဘက် တစ်ရေးနိုးလာတော့ နမ်ဂျွန်းနားနေဆောင်ထဲကနေ သမ်းဝေလျက်ထွက်လာခဲ့စဥ် အပြင်ဘက် မီးလင်းဖိုရဲ့ဘေးမှိုင်တွေတွေထိုင်နေတဲ့ Min ငယ်ကိုတွေ့ရသည်။ ဒီကလေး အခုထိမအိပ်သေးတာများလား။ မှိုင်တွေတွေလေးထိုင်နေတဲ့ Min ကျဆင်းလာတဲ့မျက်ရည်တွေကို အသာအယာသုတ်နေတာကိုမြင်လိုက်ရတော့ နမ်ဂျွန်းစိတ်မကောင်းပါ။
ငယ်ငယ်ကတည်းက ပိုးမွေးသလိုမွေးပြီး နေမထိ၊ ရေမထိ နေလာခဲ့တဲ့ Min ငယ်ဟာ အခုချိန်မှာတော့ တောအုပ်ထဲကတဲစုတ်နဲ့နေနေရပြီး ပင်ပန်းစွာစစ်ရေးလေ့ကျင့်နေရတာ ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲ။ တောထဲမှာ တစ်ပတ်ပင်မကြာသေး Minငယ်ရဲ့သေးသေးသွယ်သွယ် ခန္တာကိုယ်လေးက ပို၍ပင်ပိန်ကျနေပြီ။ ထိုအရာတွေကိုမြင်တော့ အစ်ကိုဖြစ်သူမှာ စိတ်မကောင်း။ ကိုယ့်ညီငယ်အိုမီဂါကို သေချာပေါက် ဒီလိုပင်ပန်းနေတာတွေကို ဘယ်မြင်ချင်ပါ့မလဲ။
ခမည်းတော်ရဲ့သေဆုံးမှုအတွက်လဲ ပူဆွေးနေမှာသိပေမယ့် Min ကို ကိုယ်ဘာသာကာကွယ်နိုင်ဖို့ ကိုယ်ခံပညာအနည်းငယ်တော့ တတ်ထားသင့်သည်မို့ အနားမပေးပဲ လေ့ကျင့်စေမိတာ။ နမ်ဂျွန်းကိုယ်တိုင်လဲ ဘယ်အချိန်ဘာဖြစ်မယ်ဆိုတာ မသိသည်မို့ Min က ကိုယ်ခံပညာအနည်းငယ်တတ်ဖို့တော့ လိုအပ်သည်။
" Min... အခုထိ မအိပ်သေးဘူးလား "
နမ်ဂျွန်းလာတာသိတော့ မျက်ရည်တွေကိုဖိသုတ်ကာ လှည့်ကြည့်ပြီးပြုံးပြလာသည်။ ဟန်မဆောင်တတ်ပဲ ဟန်ဆောင်နေပြန်ပြီ Min။ Min ရဲ့ပူဆွေးမှုတွေကို အစ်ကိုတော်သေချာပေါက်မြင်တာပေါ့။
" Min အိပ်မပျော်လို့ပါ..အစ်ကိုတော်Joon "
" ဒီလိုညနက်ထိနေရင် ကျန်းမာရေးထိခိုက်မှာပေါ့.."
" Min ကြောက်လို့ပါ..အိပ်ပျော်သွားတဲ့အချိန်တိုင်း ခမည်းတော်ကိုရက်ရက်စက်စက်.."
" တော်ပြီ Min.. အိပ်မပျော်ရင် အစ်ကိုတော်ကအဖော်ပြုပေးမှာပေါ့..ဘာမှမတွေးနဲ့"
" Min မတွေးပါဘူး..ဒါပေမယ့် သူ့ဘာသူပေါ်လာတာ..အဲ့တာကြောင့် Min မအိပ်ချင်တာ "
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."