အပိုင်း(တစ်)

5.1K 111 4
                                    

ကျွန်မ ကလေးဘဝမှာ မောင်နှမအရမ်းလိုချင်ခဲ့ပေမယ့် မိဘတွေက ကျွန်မဘဝအတွက် ဆိုပြီး စီးပွားရေးကိုပဲ အစွမ်းကုန်ကြိုးစားနေခဲ့ကြတယ်...

ကျောင်းကိုမေမေ လိုက်ပို့တဲ့ တစ်ရက် အငယ်လေးရချင်ကြောင်းကျွန်မ ပြောမိတော့ မေမေအသက်အရွယ်အရ ယူဖို့အဆင်မပြေတော့တာ စိတ်မကောင်းစွာနဲ့ ကျွန်မ သိခဲ့ရတယ်...

တစ်ဦးတည်းသောသမီးဖြစ်တဲ့ ကျွန်မ ဘဝကိုအထီးကျန်စွာဖြတ်သန်းနေရမှန်းဖေဖေသိသွားတော့ ကျောင်းပိတ်ရက် ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေတိုင်း ဖေဖေက သူသွားနေကျ မိဘမဲ့ဂေဟာဆီ ကျွန်မကို ခေါ်သွားပေးခဲ့သည်။

ကျွန်မတက်နေတဲ့ ကျောင်းမှာက သူငယ်ချင်းတစ်ယောက်ပဲ ရှိတယ်။ အစိုးရကျောင်းဆိုပေမယ့် လူချမ်းသာမိသားစုက ကလေးတွေ အများအပြားတက်ကြသည်။ သူ့မိဘ ကိုယ့်မိဘ ပိုက်ဆံဘယ်လောက်တတ်နိုင်ကြောင်း ကြွားကြတဲ့ သူတွေချည်းပဲမို့ ကျွန်မ သူတို့နဲ့အပေါင်းအသင်းမလုပ်ချင်ခဲ့ပါ....

*အိမ့်သူ*ဆိုတဲ့ တစ်ယောက်ကတော့ သူဌေးသမီးဆိုပေမယ့် ကစားရတာပဲ နှစ်သက်တာမို့ ကျွန်မနဲ့ သူ သူငယ်ချင်းဖြစ်ခဲ့ခြင်းဖြစ်သည်။

အခုဆို ကျောင်းဖွင့်ရက်ထက် ကျောင်းပိတ်ရက် ကိုပဲ ကျွန်မ ပိုမျှော်ဖြစ်လာသည်။ဖေဖေခေါ်သွားတဲ့ ဂေဟာမှာဆို ဘယ်လို တန်ဖိုးကြီးပစ္စည်းမှ မရှိဘဲ ကျွန်မယူသွားတဲ့ အရုပ်လေးတွေနဲ့ အတူတူဆော့ မေမေယူလာတဲ့ မုန့်ကိုပဲ ပျော်ရွှင်စွာ ဝေမျှစားကြတဲ့သူတွေ နေထိုင်ကြလို့ သူတို့လေးတွေနဲ့ ကျွန်မသူငယ်ချင်းဖြစ်ချင်မိခဲ့သည်။

"မေမေ...ဟိုထိုင်ခုံမှာ ထိုင်နေတဲ့ မောင်လေးက မုန့်လည်း လာမစားဘူးနော် အသစ်ထင်တယ် တစ်ခါမှလည်း မမြင်ဖူးဘူး"

"အင်း...သူက မောင်လေးမဟုတ်ဘူး ညီမလေးပါ သမီးရဲ့ မနေ့ကမှ ဒီကိုရောက်တာတဲ့ နေသားမကျသေးတာနေမှာပေါ့"

"မီးလေး သူ့ကို အဖော်လုပ်ပေးချင်တယ်"

"မီးလေး...သဘောလေ မေမေခွင့်ပြုပါတယ်"

မေမေ့ခွင့်ပြုချက်ရတာနဲ့ ကျွန်မ ဟိုကလေးရှိရာ ထွက်လာခဲ့လိုက်သည်။ဆံပင်က သေချာမဖြီးလိမ်းထားတာကြောင့် ကောက်ပြီး နီဆွေးဆွေးအရောင်ဘက် သမ်းနေသည်။ ပါးဖောင်းဖောင်းလေးတွေကတော့ ကလေးတစ်ယောက် ဂုဏ်ရည်နဲ့အညီ ရှိနေခဲ့သည်။ ကျွန်မ သူ့အနားရောက်လာတာကို ဂရုမစိုက်ဟန်နဲ့ မြေကြီးကိုသာ တိုးဝင်လုမတတ်ကြည့်နေသည်။

မုန်တိုင်းWhere stories live. Discover now