Ꮖ ᏔᎪΝͲᎬᎠ Ⴎ(υиιϲο∂є)

1K 13 39
                                    


❌❌❌❌❌❌❌❌

ဒါလေးကိုမဖတ်ခင်Story Descriptionလေးကို
အရင်ဖတ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာ

❌❌❌❌❌❌❌❌

ကျွန်တော့်နာမည်ကင်မ်ထယ်ယောင်း။
ကျွန်တော့်အမျိုးသားကတော့ဂျွန်ဂျောင်ဂုတဲ့။
ကျွန်တော်တို့ကဟန်ဆောင်လက်ထပ်ထားကြတာပါ။

သူနဲ့စတွေ့တုန်းကျွန်တော့်မှာဘာမှမရှိခဲ့ဘူး။
တကယ့်ကိုအရှုံးသမားတစ်ယောက်လိုလမ်းဘေးမှာပြိုလဲနေတဲ့ကျွန်တော့်ကိုသူကကယ်တင်ပေးခဲ့တာ။
အချိန်တစ်ခုအထိကြာလာတော့သူ့မိဘတွေကသူ့ကိုကျွန်တော်နဲ့နေရာချပေးဖို့စီစဥ်လာကြတယ်။

ဒါပေမယ့်ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်မချစ်ကြဘူး။
အဲ့တာကြောင့်ဟန်ဆောင်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာ။
လက်ထပ်ပြီးသုံးနှစ်အကြာမှာကွာရှင်းမယ်ဆိုရင်သူအမွေတွေကို
စွန့်လွှတ်စရာမလိုတော့ဘူး။
ကျွန်တော်ကတော့အဲ့အချိန်ကျရင်သူပေးတဲ့ငွေတွေကိုယူပြီးကိုယ့်ဘ၀ကိုယ်ပြန်တည်ဆောက်ရုံပဲ။

ဒါပေမယ့်ဘယ်သူကထင်ထားခဲ့မှာလဲ။ကျွန်တော်တို့ချစ်မိသွားကြမယ်လို့။
တစ်ညတာမှားယွင်းသွားရာကနေသူကကျွန်တော့်အပေါ်ခံစားချက်တွေစရှိလာခဲ့တယ်တဲ့လေ။

- ဆေးသောက်ရမယ် ထယ်ယောင်း။

- မသောက်ချင်ဘူး။အဲ့ဆေးတွေကခါးတယ်။

- အင်း နည်းနည်းတော့ခါးတာပေါ့။

- မဟုတ်ဘူး။အများကြီး အများကြီးခါးတာ။

ကျွန်တော့်အပြောကိုသူကသဘောတကျရယ်သည်။

- ဆေးသောက်လို့နေ​ကောင်းသွားရင်Disney Landလိုက်ပို့မယ်။

- ဟင် တကယ်ပြောတာလား။

- ဒါပေါ့။

- ရေး ရေး။မညာရဘူးနော်။ညာရင်ကျွန်တော်ကမုန်းပစ်မှာ။

- လိုက်ပို့ရင်ချစ်မှာလား။

- အင်း။အများကြီးချစ်မှာပေါ့။

- ဟားဟား အတတ်လေး။အခုတော့နေမြန်မြန်ပြန်​ကောင်းအောင်လို့ဆေးသောက်လိုက်ပါဦး။

Ꮖ ᏔᎪΝͲᎬᎠ Ⴎ̸[oฅє ꜱʜᴏᴛ]Where stories live. Discover now