Unicode......
"မြေးတော်လေး အာဂတ်စ်နဲ့လိုက်သွားချည်....."
"ကျွန်တော်က ဘယ်ကိုလိုက်သွားရမှာလဲ အဘိုး......"
"မြေးတော်လေးအတွက် စိတ်ချရမယ့်နေရာပေါ့ ...."
"ဒီမှာလည်း စိတ်ချလုံခြုံနေတာပဲလေ အဘိုးရဲ့ ။ ဘာလို့ တစ်ခြားနေရာသွားရမှာလဲ...."
"သားရဲသတ်ဖြတ်သူ ကင်ထယ်ဟျွန်း လာနေပြီလေ ။ သားအတွက်က လုံခြုံစိတ်ချမှုမရှိတော့ဘူး ။ ပြီးတော့ သားကို သတ်ဖြတ်သူကင်ထယ်ဟျွန်းလက်ထဲ လုံးဝမထည့်ပေးနိုင်ဘူး...."
"ကျွန်တော်က ဒီနိုင်ငံရဲ့ တော်ဝင်မင်းသားတစ်ပါးပါ အဘိုး ။ အဲ့တာကြောင့် ဘာအကြောင်းကြောင့်ပဲရှိရှိလာ ရှောင်မပြေးဘူး ။ကျွန်တော်ရင်ဆိုင်မယ် အဘိုး။ ပြီးတော့ ......"
"ပြီးတော့ ဘာဖြစ်လဲ မြေး......"
"တစ်ခြားတိုင်းပြည်နဲ့ ကျွန်တော်တို့ တိုက်ရတော့မယ် ။ ဘယ်တိုင်းပြည်ကလဲ မသိပေမယ့် လာနေကြပြီ ။ စစ်အင်အားလည်း များတယ် အဘိုး ......."
မြေးဖြစ်သူ စကားကြောင့် ဂျွန်ဘုရင် တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည် ။ သူတို့ဂျွန်တွေကသာ တစ်ခြားနယ်မြေတွေကို တိုက်ခိုက်လေ့ရှိတာ ။ ကိုယ့်နယ်မြေ တိုက်ခိုက်ရတယ်ဆိုတာ ရာဇဝင်ကို မရှိခဲ့ပေ။ ဒီလိုဆို အာဂတ်စ်ကို မြေးနဲ့အတူ ထွက်သွားခိုင်းလို့မရတော့ ။ တိုက်ပွဲကိုသာ အတူတူဆင်နွှဲဖို့ ရှိတော့သည် ။
"မှော်စရာကိန်းကို ငါ့အခန်းထဲ လွှတ်လိုက် ။ အားဂတ်စ်တစ်ခါထဲ လိုက်ခဲ့။ မြေးကတော့ မြှားပစ်လေ့ကျင့်နေတာမလား ဆက်ပြီးလေ့ကျင့်လိုက်အုံး....."
အဘိုးဖြစ်သူ၏စကားကို ခေါင်းငြိမ့်ပြပြီး ဂျောင်ဂုလည်း လေ့ကျင့်ရေးကွင်းသို့ ထွက်လာခဲ့လိုက်သည် ။ လေ့ကျင့်ကွင်းထဲရောက်တော့ စစ်သူကြီး စစ်ရေးလေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်မို့ သတ်ဖြတ်သူကင်ထယ်ဟျွန်းအကြောင်း မေးဖို့ဆုံးဖြတ်လိုက်သည် ။
"စစ်သူကြီး ...."
ဂျောင်ဂုခေါ်လိုက်တော့ လေ့ကျင့်တာကို ချက်ခြင်းရပ်တန့်လိုက်သော စစ်သူကြီး။

YOU ARE READING
My Favourite Medicine (ရပ်နား)
FanfictionUNICODE...... 🔞အပိုင်းတိုင်းလိုလိုမှာ Sexအခန်းများပါဝင်သည့်အတွက် ကလေးသူငယ်များချင့်ချိန်ပြီးမှဖတ်ရန်🔞 ZAWGYI...... 🔞အပိုင်းတိုင်းလိုလိုမှာ Sexအခန်းများပါဝင်သည့်အတွက် ကလေးသူငယ်များချင့်ချိန်ပြီးမှဖတ်ရန်🔞