အပိုင်း 7
ကျွန်းစားပွဲပေါ်ရှိ ရေညှိရောင်ကြွေပန်းအိုးလေးဆီမှ ဇီဇဝါပန်းအနံ့ခပ်သင်းသင်းက စိတ်ကို ကြည်နူးဖွယ်ရာကောင်းသည်အထိ မွှေးပျံ့လို့နေသည်။
နွေရိပ်ငြိမ် ချစ်ရသူ ဖျော်ပေးထားသော အငွေ့တထောင်းထောင်းထွက်နေသည့် ကော်ဖီခွက်လေးကို ကိုင်ကာ မှုတ်ပြီး တစ်ငုံသောက်လိုက်သည်။
ကော်ဖီအရသာက စိတ်ကို ပိုပြီးကြည်လင်သွားစေသည်။အားအင်တွေ ပိုလို့ဖြစ်စေသည်။
ကော်ဖီသုံးငုံလောက် သောက်ပြီးသည့်အချိန်....
"အာ သမီး ...မေကြိုင် ဆွမ်းအုပ်သွားပို့နေလို့ ရောက်နေတာကြာပြီလား"
ကချင်ထဘီနဲ့ ချည်ဇာ အပြာရောင်ဝတ်ထားသော မေကြိုင်က ကျက်သရေရှိပြီး လှနေသည်။
ဆံပင်ကို အပြောင်သိမ်းထားပြီး ဆံထုံးထုံးထားသည့်ပုံစံက သပ်သပ်ရပ်ရပ်ရှိလှသည်။
မျက်နှာကလည်း ကြည်လင်ပြီး ပြုံးရွှင်နေလေသည်။"မကြာသေးပါဘူး မေကြိုင်...သမီးစောနာလေးကမှရောက်တာ"
"မင်းငယ်...မမနွေကို ဘာလို့ ကော်ဖီပဲတိုက်တာလဲ ရေခဲသေတ္တာထဲမာ ကိတ်မုန့်ရောရှိတယ်လေ ...ကိတ်မုန့်လေး သွားယူလိုက်သမီး"
"သမီးတို့ ထမင်းစားခဲ့ပါပြီ မေကြိုင်....သမီး ဗိုက်ပြည့်နေလို့ပါ"
ထိုစဉ် သပြေပန်းတွေ အများကြီး သယ်လာပြီး အိမ်ထဲကို ဝင်လာသော ဒေါ်ဒေါ်က ပန်းတွေနဲ့အတူနွေရိပ်တို့အနားကို လာထိုင်လေသည်။
ဒေါ်ဒေါ်က နွေရိပ်ကိုပြုံပြီး ကြည့်ကာ...
"နွေရိပ် သမီးလေး ပြန်ရင် ဘုရားပန်းထိုးဖို့ ယူသွားနော်...ဒေါ်ဒေါ်ခြံထဲက ချိုးလာတာ လှတယ်မလား"
"ဟုတ်ဒေါ်ဒေါ် ပန်းလေးတွေက သိပ်လှတာပဲ...ကျေးဇူးပါ ဒေါ်ဒေါ်"
နွေရိပ် ဒေါ်ဒေါ့်ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ချစ်ရသူ မင်းငယ်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။
မျက်လုံးလေးတွေက တလက်လက်နဲ့ သူ့အားကြည့်နေသော ကောင်မလေးက ရုတ်တရက် သူ့လက်ကို ဆုပ်ကိုင်လေသည်။
နွေရိပ်လည်း ကောင်မလေးရဲ့လက်ကလေးကို ဆုပ်ကိုင်လို့ထားလိုက်သည်။

YOU ARE READING
နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)
Lãng mạnမမအနားမှာ ရှိနေရတာ သိပ်အေးချမ်းတာပဲ။မမဆူတာလေးကလည်းချစ်စရာလေး။