မနက်လေးနာရီထိုးသည်နှင့်ကျွန်တော်ရဲ့မျက်လုံးများက နိုးနေကျအတိုင်းပွင့်လာခဲ့သည် လုပ်နေကျ အတိုင်းအိပ်ယာသိမ်း မျက်နှာသစ် ထမင်းတည်ဖို့လုပ်ငန်းစရမည်။ပြီးရင် ကျောင်းသွားဖို့ပြင်ဆင်ရမည်။
"ဟိန်းရံစိုင်း''
"ဗျာ ဒေါ်လေး''
"ထမင်းတည်ဖို့ ထ ထ ''
"ထပါပြီဒေါ်လေး ''
"နင့်နဲ့လည်းနိုးနေရတာ မနက်တိုင်းကိုယ့်အသိလေးကိုယ်သိစမ်းပါအုံးဟယ်''
"ဟုတ် ဒေါ်လေး''
"ဒါနဲ့ နင်ဒီနေ့ ကျောင်းတတ်ရမှာမလား''
"ဟုတ်''
"ငါ့သဘောဆိုရင် နင့်ကိုကျောင်းမထားချင်တော့ဘူး တက္ကသိုလ်ရောက်ပြီဆိုတော့ အကုန်အကျကများမှာ နင့်ဦးလေးကလည်း ဝင်ငွေပုံမှန်ရတာမဟုတ်ဘူးအဲ့တော့ကျောင်းတတ်မနေပါနဲ့တော့ဟယ်''
ကျွန်တော်ဘာမှမပြောဘဲထွက်လာခဲ့လိုက်တယ် ဘာလို့ဆို ကျွန်တော်က သူတို့အိမ်မှာနေရတာလေ ကျွန်တော်မိဘနှစ်ပါးလုံး ဆုံးပြီးဦးလေးက သဘောကောင်းခေါ်ထားပေမဲ့သူ့မိန်းမကတော့ မကြည်ဖြူခဲ့ပါ ဒါလည်းအပြစ်မမြင်ပါဘူး ဒီအထိထားပေးတာနဲ့တင် ကျေးဇူးတင်ပါပြီ ။
ထမင်းချိုင့်ပြင်ဆင်ပြီး အဝတ်စားလဲမည်အပြု
"ဟိန်းရံ ရေ ပြီးပြီလား''
"ခဏစောင့်အုံး မိသဲရေ''
" အေးပါ ''
"အထဲဝင်လာလေမိသဲ''
"လာပြီနော်''
"ကိုယ့်သူငယ်ချင်းအိမ်လာတဲ့ဟာပဲခွင့်တောင်းနေရသေးတယ်''
"ဟီး..''
"ငါ့တူရေဒီကိုလာပါအုံးကွ ''
"ဟုတ်ဦးလေး''
"ဟာကွာ ငါ့တူတောင်ငါ့မျက်စိအောက်က နေကြီးပြင်းလာတာ ခုတက္ကသိုလ်ကျောင်း သားကြီးတောင်ဖြစ်နေပြီ... ငါ့တူဘာမှစိတ်ဓာတ်မကျနဲ့နော်ဦးလေးတစ်ယောက်လုံးရှိသေးတယ်ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ရအောင်လုပ်ကြားလားတူလေး''
"ဟုတ် ကျေးဇူးပါဦးလေး။
"ငါ့တူ မုန့်ဖိုးယူသွားအုံး''
မယူခင်ဒေါ်လေးမျက်နှာကြည့်လိုက်တော့ ခက်ထန်ပြီးမာကျောနေတဲ့ မျက်နှာ