~အစိမ်းသက်သက်~
အပိုင်း(၇)
ဆောင်းဦးပိုင်းကာလကြီးမို့ မန္တလေးမြို့က မပူဘဲ နေလို့ကောင်းသည်။ မနက်အစောပိုင်းဆို မြူနှင်းမှုန်မှုန်များကျပြီး နေ့ခင်းပိုင်းမှာ နေသာသည်။ ညပိုင်းရောက်ရင် နည်းနည်းတော့ အအေးဝင်တတ်သည်။ မန္တလေးမြို့ဆိုသည်မှာ ပူလွန်းရင်လည်းလွှတ်ပူ.... အေးလွန်းလျှင်လည်း လွှတ်အေးသောမြို့ဖြစ်သည်။
မန္တလေးမြို့၏ဆောင်းရာသီအအေးဓာတ်သည် ပြင်းလွန်းလှသဖြင့် စာဆိုတော်များကတောင် ဖွဲ့နွဲ့ထားတတ်သေး၏။
အိပ်ရာစောစောထတတ်သူမို့ အိမ်မှာရှိသမျှအလုပ်တွေကို မိုးမိုးနဲ့အတူ ပိုးနှယ်ကူလုပ်ပေးဖြစ်သည်။ ဘွားဘွားရော ဒေါ်လေးတို့ရော နိုးနေကြသော်လည်း ဧည့်သည်တော်ကြီးကတော့ မထသေးပေ။ မိသားစုဝင်ဆိုပေမယ့် ဒီအိမ်ကို အခုမှစရောက်တာဆိုတော့ ဧည့်သည်တော်ကြီးဘဲပေါ့...
မနက်စာကို သီးစုံထမင်းကြော်.... ကြက်ဥဟက်ဖရိုက်ကြော် ကြက်အူတောင့်ကြော်စသဖြင့် အစုံအလင်စီစဉ်ထားပြီး ရန်ကုန်လိုကော်ဖီမဟုတ်ဘဲ လမ်းထိပ်က နှပ်လက်ဖက်ရည်သွားဝယ်လိုက်သည်။
စားပွဲဝိုင်းမှာ တွေ့သောအစားအစာတွေကြောင့် ဝဠာမှိုင်းခဏတော့ ကြောင်သွားလေသည်။ ပိုးနှယ်ပုံကိုလှမ်းကြည့်လိုက်တော့လည်း စားလေဆိုသည့်ပုံစံမျိုးနှင့် မေးငေါ့ပြလေသည်။
"ဘာဖြစ်လို့လည်း မောင်ရင်...မကြိုက်ဘူးလား...ဒါမိုးမိုးရဲ့လက်ရာမဟုတ်ဘူး...ပိုးနှယ်ရဲ့လက်ရာ...သူမန္တလေးရောက်တုန်းစားရတာ...စားသာစား.."
"ဟုတ်ကဲ့အဘွား.."
သူ့အဖေနှင့်မတိမ်းမယိမ်းဆိုပေမယ့် ပိုးနှယ်ပုံခေါ်သလို အဘွားဟုဘဲခေါ်လိုက်သည်။ ပန်းကန်ထဲက အရောင်အသွေးစုံလှသည့်ထမင်းကြော်ကို ကောက်မြည်းကြည့်လိုက်သည်။.
ဒီကလေးမကို ဟင်းမချက်တတ်လောက်ဘူးထင်ထားတာ...အခုတော့ သူမကြော်ထားတဲ့ ထမင်းကြော်က တော်တော်အရသာရှိတာဘဲ...
စားကောင်းကောင်းနှင့်စားလိုက်တာ သူ့ပန်းကန်ထဲက ထမင်းကြော်တွေကုန်သွားလေသည်။ ဒါတောင်ဗိုက်က မဝချင်သေးပေ။ ထပ်စားချင်သေး၏။
YOU ARE READING
~အစိမ်းသက်သက်~
Romanceဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။