~အစိမ်းသက်သက် ~
အပိုင်း(၁၀)
"သတိထားမှပေါ့ မင်းတစ်ခုခုဖြစ်သွားရင် ကိုယ်ဘာလုပ်ရမလဲ.."
"ကျွန်မ ဘတ်စ်ကားလာတာကို မမြင်မိလို့.. ဟူး..တော်သေးတာပေါ့ "
"ပြောပါဦး.....ကိုယ့်ကိုငေးနေလို့လား"
...
"မဟုတ်တာ...ရှင့်ကို ဘာလို့ငေးရမှာလည်း...ရော့...ဒီမှာ ရှင့်ပစ္စည်း...သွားတော့မယ် ကျွန်မကျောင်းနောက်ကျနေပြီ...."
ရှက်ကိုးရှက်ကန်းနဲ့ သူ့ရင်ခွင်ထဲကနေ ပြေးထွက်သွားတဲ့ကောင်မလေးက တကယ်အသည်းယားစရာ....
~~~
"ပြောပါဦး ဆရာမကြီးဒေါ်ပိုးနှယ်...အခုတလော ကျောင်းတွေနောက်ကျနေတယ်နော် ဘာတွေလုပ်နေတာလည်း "
အတန်းထဲရောက်ရောက်ချင်း ခိုင်ကစမေးလေသည်။ ဆံပင်တိုတိုလေးတွေ ဝဲနေအောင်ခါယမ်းပြီး သူမဘက်သို့လှည့်ကာမေးနေခြင်းဖြစ်သည်။
"ဟို အိမ်ကနေမကောင်းတဲ့သူကို ပြုစုပေးနေရလို့ပါ..."
"ဘယ်လိုလဲ နင်တို့အခုရင်းနှီးနေကြပြီလား....ဟိုလိုလေ..."
ခုနကမှ ရှက်ကိုးရှက်ကန်းနဲ့ ဖြစ်လာပါတယ်ဆို ခိုင်ကဘာတွေမေးနေလည်းမသိပါဘူး.....
"မြပန်းခိုင်...နင်ဒါတွေဘဲစဥ်းစားနေတာလား...ငါတို့က အစိမ်းသက်သက် အိမ်ထောင်ရေးမျိုးပါဆိုနေမှ.."
"ဟွန့် ဘာအစိမ်းသက်သက်လည်း.. ဘာမှမတော်စပ်တဲ့သူစိမ်းနှစ်ယောက် ပြီးတော့ အရွယ်ရောက်နေတဲ့ ယောကျ်ားနဲ့မိန်းမ လက်လည်းလက်ထပ်ထားတယ်.... တစ်ခန်းတည်းလည်း အတူတူနေကြတယ် တစ်ကုတင်တည်းလည်း အတူတူအိပ်တယ်..... အတာ့ကိုနင်တို့နှစ်ယောက် ဘယ်လိုမှမနေပါဘူး...ဘာမှမဖြစ်ဘူးဆိုတာငါမယုံဘူး.."
"ဒီမယ် သူငယ်ချင်း....သူကလေ မင်္ဂလာဦးညကတည်းက ငါ့လိုအေးတိအေးစက်နဲ့မိန်းကလေးကို သဘောမကျဘူးတဲ့.... အတိအလင်းကြေညာထားတာ.. ပြီးတော့ သူ့မှာက သူအရမ်းချစ်တဲ့သူရှိတယ်...အဲ့မိန်းမကလွဲရင် သူဘယ်သူ့ကိုမှ ချစ်မယ်မထင်ဘူး...ခန္ဓာကိုယ်ဗေဒအရဆိုရင်လည်း သူမက်မောစရာ ကောက်ကြောင်းလှတဲ့မိန်းမတွေ သူ့ဆီမှာတစ်ပုံကြီးဘဲ..သူနဲ့ပတ်သတ်တဲ့မိန်းမတွေဆိုလည်း အများကြီးဘဲ . ငါ့လိုမတောက်တခေါက်နုံတိနုံအကို သူကြိုက်ပါ့မလား..နင်စဥ်းစားကြည့်လေ.."
![](https://img.wattpad.com/cover/365086019-288-k578177.jpg)
YOU ARE READING
~အစိမ်းသက်သက်~
Любовные романыဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။