ဝါရဲ့ ပျော်ရွှင်မှုတွေကို ဝါက သိပ်ကိုမြတ်နိုးသည်။ဝါ ငိုရသည်ကို သိပ်ကိုမုန်းတဲ့အမျိုးသမီး...သို့ပေမဲ့ ဝါဟာ အခုတော့ ငိုတတ်ခဲ့ပီလေဝါရဲ့ ဘဝေလးက သာယာခြင်း ၊ အေးချမ်းခြင်းတွေနဲ့သာ ပြည့်နှက်နေခဲ့သည်။ဝါသိတာ ဝါဟာ သိပ်ကို အတ္တကြီးတဲ့သူပဲ။မိုးလေအေးလေး တိုက်ခတ်နေသည်ကို လေညင်းဝါ တစ်ယောက်ဝရံတာအထက်တွင် လေပြေအေးလေးကို ဇိမ်ခံနေသည်။ဒီလိုရာသီဥတုမျိုးကို ဝါက သိပ်ကို နှစ်သက်သူ...နာမည်ကိုပဲ ကြည့်ပါလား လေညင်းဝါတဲ့ သိပ်ကို လိုက်ဖက်တဲ့ နာမည်ပဲလေ။
ညိုတိုတိုရှိသော အသားအရေတွေအပေါ်မှာ မဲှ ့စက္ကေလးမ်ားကနေရာယူလျက်...။ကော့နေသော မျက်တောင်မွှေးလေးတွေမှာ အတု
စရာပင်မလို...။မျက်နှာလေးက သိပ်ကိုအေးချမ်းသလို ဘာမွ ခြယ်သခြင်းမရှိပါပဲ သူ့သဘာဝအတိုင်း လှပနေသည်။ဆံပင်များမှာလည်းကောက်ကြောင်း အနည်းငယ်သာရှိပေမဲ့ အလွန်ကောင်းလှသော ဆံနွယ်လေးကို ပိုင်ဆိုင်ထားသည်။"ဝါ... အခန်းထဲဝင်တော့လေ အပြင်မှာ အေးတယ်"
ဝါ ဝရံတာဘက်တွင် မည်မျှကြာအောင် ရပ်နေသည်မသိ..မေမေလာ
ခေါ်မှပဲ ခေါင်းလေးငြိမ့်ကာ အနွေးထည်အပါးလေးကို ကောက်ဝတ်လိုက်သည်။"ဝါ မနက်ဖြန် မေမေ့ သူငယ်ချင်း အလှူရှိတယ် သမီးပါ လိုက်ခဲ့"
ဝါဘေးနားတွင် ချထားသော ကော်ဖီတခွက်ကို ယူသောက်ရင်း ဆူပုတ်ပုတ်ဖြင့် အမေဖြစ်သူကို လှမ်းကာကြည့်လိုက်သည်။မေမေက
ဒီလိုပါပဲ တခုခုဆို ဝါ့ကိုပဲ အမြဲခေါ်နေသည်မဟုတ်လား။"မေမေကလည်း မနက်ဖြန် ဝါ့သူငယ်ချင်းကို ကူညီရဦးမွာ သူက နယ္က ကလေးတွေကို စာအလကားသင်ပေးနေတဲ့ သူလေ အဲ့တာဝါ့ကိုလည်း အတွေ့အကြုံရအောင် လိုက်ခဲ့ဖို့ ခေါ်ထားတယ် အငယ်ကောင် မိုးတိမ်ကို ခေါ်သွားလေ"
"ဟုတ်ပါပီနော်...မေ့သမီးလေးက ကောင်းတာတွေလုပ်နေတာဆို
တော့ မေမေက ခွင့်ပြုပေးရတာပေါ့ သားမိုးကိုပဲ မေမေခေါ်သွားလိုက်မယ် သမီး ပိုက်ဆံရှိသေးလား နယ်ဆိုတော့ လိုရမယ်ရပေါ့"ဝါ သွားတက်လေးပေါ်အောင် ရယ်ရင်း..
"လောက်ပါတယ်မေမေရဲ့ မေမေသာ စိတ္ခ်လက္ခ်သြား"
YOU ARE READING
My beloved