Dongjiang ကုမ္ပဏီအတွင်း စာရင်းစစ်ဆေးခြင်းမှာ ချောချောမွေ့မွေ့ မရှိခြင်းအား ဖေယို့သည် ခန့်မှန်းထားနှင့်ပြီးသား ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူသည် ဒီအသက်မွေးမှုနယ်ပယ်၌ လုပ်ကိုင်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်၍ ယခုကဲ့သို့ သပွတ်အူ အခြေအနေမျိုးအား ဖြေရှင်းရခြင်းနှင့် အသားကျနေပြီ ဖြစ်သည်။
သို့ပေမဲ့ သူသည် ကိစ္စအရပ်ရပ်မှာ ဤမျှအထိ မချောမမွေ့ဖြစ်နေလိမ့်မည် ဟု မမျှော်လင့်ထားခဲ့ပါချေ။ Dongjiang ကုမ္ပဏီ၏ စာရင်းများမှာ သူ ယခင်က ကြုံတွေ့ခဲ့ဖူးသည့် မည်သည့် အခြေအနေမျိုးနှင့်မှ တူညီခြင်း မရှိပါချေ။
ပထမအကြိမ် စစ်ဆေးခြင်းမှာပင် သောင်းပြောင်းထွေလာနေသော အမှားများနှင့် ကွာဟချက်များ ရှိနေသော်လည်း ထိုအရာများမှာ သူ မျှော်မှန်းထားသည်လောက် များပြားသော ပမာဏ မဟုတ်နေပါချေ။ နဂိုစီစဉ်ထားသည့် ကုန်ကြမ်းပစ္စည်းများအား စာရင်းချုပ် စစ်ဆေးပြီးနောက် သူရလာသည့် ရလဒ်များမှာ အံ့ဩစရာကောင်းလောက်အောင် လျိုချွမ်းဘက်မှ တင်ပြခဲ့သည်နှင့် အတော်လေး ဆင်တူနေသည်ကို တွေ့လိုက်ရသည်။
ငွေကြေးစာရင်းများမှာ ဖရိုဖရဲ ဖြစ်နေသော်လည်း သူမျှော်လင့်ထားသလောက် မဆိုးရွားနေပြန်။
ဟိုလဲ မဟုတ်၊ ဒီလဲမဟုတ်ဘဲ လေထဲတွင် တို့လို့တန်းလန်းဖြစ်နေသည့် ခံစားချက်ကြီးမှာ ယင်ကောင်တစ်ကောင်က သူ့ပါးစပ်တွင်းသို့ စွပ်ကနဲ ဝင်လာသည့် အခိုက်အတန့်၌ သူ့ခမျာ မြိုချရမည်လော၊ ထွေးထုတ်ရမည်လော ဟု ဝေခွဲမရဖြစ်စေသည့်အတိုင်း သူ့အား မသက်မသာ ခံစားရစေသည်။
ပရောဂျက်မန်နေဂျာများမှာလဲ လျိုချွမ်းထံမှ ကောင်းမွန်စွာ သင်ယူထားပုံရလေကာ သူတို့၏ ရှင်းလင်းတင်ပြချက်များမှာလဲ မိတ္တူကူးထားသည့်အလား ဆင်တူလှသည်။ ငွေစာရင်းများအကြောင်း မေးခွန်းမေးလာသည့်အခါတိုင်း သူတို့သည် ဘောလီဘောပုတ်ပွဲအား ရုတ်တရက် ကျင်းပကာ ဘဏ္ဍာရေးဌာနဘက်သို့ ဘောလုံး ပုတ်ထုတ်လိုက်ပေတော့သည်။
ကုန်ကျငွေအကြောင်း မေးခွန်းမေးသည့်အခါတွင်တော့ သူတို့သည် အလုပ်သမားခများမှာ မည်မျှဈေးကြီးကြောင်း၊ ကုန်ကြမ်းပစ္စည်းများ အလေလွင့်ဖြစ်မှုမှာ မည်မျှများပြကြောင်းနှင့် မကြာခဏဆိုသလို အသစ်ပြဌာန်းထားသည့် ဥပဒေအောက်တွင် အလုပ်သမားများအတွက် အချိုရည်၊ အအေး သောက်သုံးစရိတ်ပါ အဆစ် ပေးဆောင်နေရပြီဖြစ်ကြောင်း ပြောပြကာ မျက်ရည်ချူကြလေသည်။
YOU ARE READING
Ghosting လုပ်ခြင်းအား ခွင့်မပြု
RomantizmDate လုပ်လျှင် လိုက်နာရမည့် ပထမဆုံး စည်းကမ်း - Ghosting လုပ်ခြင်းအား လုံးဝ ခွင့်မပြု။ English name - No ghosting allowed Author name - Gu Yan English translator - cee This is fun translation and I don't own this novel. I don't have any permission t...