Part-22

303 19 2
                                    

နာကျင်နေပြီဖြစ်တဲ့သူ့ရဲ့နှလုံးသားကိုတောင်လျစ်လျူ
ရှုပြီးချစ်နေတဲ့သူကိုဆရာမို့လို့ဥပေက္ခာပြုရက်တယ်။
ဒီလူကအသည်းနုတဲ့လူပါဆရာရယ်။ကျွန်တော်
ဘယ်လိုခံနိုင်ရည်ရှိပါ့မလဲ။စေ့စပ်ပွဲတဲ့လား..ကျွန်
တော်ဘာများလုပ်နိုင်ပါမလဲ။

ဆေးလိပ်ကိုခပ်ဖွာဖွာရှိုက်လိုက်ပြီးနှာခေါင်းထဲကနေ
အငွေ့တွေပြန်ထုတ်လိုက်သည်။သူ့ရဲ့အကျင့်တွေက
ပျက်နေခဲ့တာကြာလှပေါ့။အရက်လည်းသောက်တတ်
နေပြီ။ဆေးလိပ်လည်းသောက်တတ်နေပြီ။ဆရာ့ရဲ့
ချစ်ခြင်းတွေကိုမရသေးတာတခုပဲ။ဆရာများသူ့ရဲ့
အကျင့်ဆိုးတွေကိုသိရင် ခေါင်းကိုခေါက်ပြီးဆူဆုံးမနေဦး
မှာပဲလို့မဆီမဆိုင်တွေးမိသေးတယ်။

နီးနီးလေးနဲ့ဝေးလို့သွားပြီ။
ဝေးဝေးလေးနဲ့နီးလို့လာပြီ။
မဖြစ်နိုင်တဲ့ဒီချစ်ခြင်းတွေဟာဘယ်နေရာ၊ဘယ်နှလုံး
သားထဲဖြစ်နိုင်ပါ့မလဲ။

သူဟာဆရာ့ကို1500နဲ့ချစ်ပင်မဲ့ဆရာကသူ့ကို528
နဲ့ပဲချစ်တာ။သိပ်ကိုနာကျင်ဖို့ကောင်းပုံများ။

အဲ့ဒါဆိုဘာလို့သူ့ကိုဂရုစိုက်ပြနေတာလဲ။အဲ့လိုကြိုက်
သလိုလိုနဲ့ဂရုစိုက်ပြတာကိုအရမ်းမုန်းတာ။
သူမကိုပဲကြည့်နေတယ်။
သူမကိုပဲဂရုစိုက်နေတယ်။

မျက်ဝန်းပြာတွေကအဲ့ဒီအချိန်သိပ်မုန်းဖို့ကောင်းတာ။

ဆေးလိပ်ကိုပြာခွက်ထဲထည့်ပြီးယိုင်တိယိုင်နဲ့နှင့်အိမ်
အောက်ကိုထွက်လာသည်။စိတ်ပေါက်ပေါက်နဲ့ဂိုက်ကို
လည်းအပြီးနားပစ်သည်။ဒါမှမမြင်ရမှာလေ..မြင်ရ
လေလေနာကျင်ရလေလေမဟုတ်ပါလား။

ခြံထဲမှာရှိတဲ့ခုံတန်းပေါ်တွင်ထိုင်​နေပြီးစာအုပ်တအုပ်
ကိုဖတ်နေသည်။စာအုပ်..စာအုပ်ဆိုတာဆရာမြတ်နိုး
တဲ့အရာပဲ။သူလည်းအခက်သား..မေ့ပစ်ဖို့ကြိုးစား
ပင်မဲ့လည်းထိုသူနဲ့သက်ဆိုင်သည့်အရာတွေကခေါင်း
ထဲစုပြုံဝင်လာသည်။သိပ်ကိုအနှောင့်အယှက်ပေးလွန်း
သလို သိပ်ကိုလည်းငြိတွယ်လွန်းတယ်။

"F**kပဲကွာ"

"hey tae..ဘာတွေဆဲနေတာတုန်း"

အကိုArni..အကိုarniကသူ့ကိုသဘောကျနေတာ
ကိုရိပ်မိတယ်။အကိုရဲ့မျက်ဝန်းတွေက သူဆရာ့ကို
ကြည့်နေရင်း ကြည့်နေတဲ့မျက်ဝန်းတွေပုံစံမျိူး။
နူးနူးညံံ့ညံံ့လေးနဲ့အချစ်မှာပျော်ဝင်နေတာ။ဒါပေမဲ့..
သူ့လိုအဖြစ်မခံချင်လို့အကိုarniကိုစည်းတခုခြား
ထားမိတယ်။တဖက်သတ်အချစ်ကသိပ်ကိုသနား
ဖို့ကောင်းတယ်။ဆရာပြီးရင်အကိုarniဟာသူ့အတွက်စိတ်ပျော်ရွှင်
စေတဲ့လူတဦးပဲ။

Those ocean eyes🌊Where stories live. Discover now