ဆိုးသွမ်းစနစ်

253 9 1
                                    

''လီးပဲ! မင်းကလူလား''

''ထွက်သွားစမ်း.....ဒီမှာ လောင်ဇီအိပ်ဖို့လုပ်နေတာကို မင်းတို့ကောင်တွေမမြင်ဘူးလား...သွားသေလိုက်ပါတော့လား!''

''လီးပဲ! အစားအသောက်အကုန်လုံးကို မင်းတစ်ယောက်တည်းမောင်ပိုင်စီးထားရလား?အသင့်စားခေါက်ဆွဲစားနေရင်တောင် ညီအစ်ကိုတွေအတွက် စွပ်ပြုတ်ရည်တစ်ချို့ကို ဘယ်လိုချန်ပေးထားတတ်ရလဲဆိုတာ မင်းမသိဘူးလား?''

''အစ်ကိုခွေး.... ကျွန်တော်တို့ဘေးနားကျောင်းက ကောင်တစ်ကောင်က အစ်ကိုနဲ့ချိန်းပွဲထိုးချင်လို့တဲ့''

''အစ်မဘော့စ်က ရည်းစားစာတစ်စောင်ရလိုက်ပြီတဲ့ဟေ့''

''ငါအဲ့တာကိုမလိုချင်ပါဘူး။ငါက ကိုယ့်ဘဝနဲ့ကိုယ် လှနေပြီးသား''

''အမေက ငါစကပ်ဝတ်လို့ဆိုပြီး တစ်ချိန်လုံး ပူညံပူညံလုပ်နေတာ။ ငါစကပ်ဝတ်တဲ့အချိန်တိုင်း သူမကျေမနပ်ပြောနေတာ မရပ်တော့ဘူး။ တော်တော်စိတ်ရှုပ်စရာကောင်းတာပဲ!''

အတန်းရဲ့အလည်ခေါင်မှာတော့ ရှန့်ယွမ်ဟာ သူ့စာသင်ခုံအံဆွဲထဲမှာ ဘာစာအုပ်မှမရှိတာ သေချာရဲ့လား စစ်ဆေးနေတယ်။ သူ့ရဲ့အရောင်စုံဆိုးထားတဲ့ ခေါင်းကို ထုတ်လိုက်တော့ သူ့အရှေ့မှာ စကပ်ဝတ်ထားတဲ့သူ ထိုင်ပြီးညည်းညူနေတာကို မြင်လိုက်ရတယ်။

လိင်: ယောကျာ်း

ရှန့်ယွမ် : ''.........''


''အန်တီက မင်းကိုမဝတ်ဖို့ပြောရင် သူပြောတဲ့အတိုင်း မဝတ်နဲ့ပေါ့ဟာ''


'စာသင်ခန်းဟာဆိုရင်ဖြင့် နိုင်ငံ့ပန်းကလေးတွေကို ပြုစုပျိုးထောင်တဲ့ဥယျာဥ်တစ်ခုလိုပါပဲ' လို့ သူတို့က ပြောကြတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူစျေးထဲရောက်နေတယ်လို့ပဲ ရှန့်ယွမ် ခံစားရတယ်။

အသင့်စားခေါက်ဆွဲစားနေတယ်။ဖဲကစားနေတယ်။မိတ်ကပ်လိမ်းနေကြတယ်။အိပ်နေကြတယ်။.....လူတိုင်းက စာလေ့လာတာကလွဲရင် အရာရာအကုန်လုံးလုပ်နေကြတယ်။

သူကျောင်းတက်တုန်းက ကျောင်းဟာ အိမ်လိုပါပဲလို့ ကျောင်းအုပ်ကြီးက ပြောလေ့ရှိခဲ့တယ်။အဲ့တာက ဒီတိုင်းအပြောသက်သက်ပဲလို့ ရှန်းယုအန့်ထင်ခဲ့မိတာ။ဒါပေမဲ့ အခုတော့......သူတစ်ချက်ပြန်လှည့်ကြည့်မိတယ်။

ငါ့ကိုအကျင့်ပျက်အောင်လုပ်ဖို့မကြိုးစားနဲ့Where stories live. Discover now