Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၂၂) --------
"ဆရာ.. ဒီအခန်းပါ "
လက်ဟန်ပြလို့ ခန့်ပိုင်ပြောလာတော့
Rain တံခါးဆီတစ်ချက်ကြည့်ကာ
ခေါင်းဆတ်လို့ အချက်ပြလိုက်သည်။ဒေါက်..ဒေါက်
ခန့်ပိုင် တံခါးအားခေါက်ပြီး ခဏနေမှသာ
အထဲကဖွင့်လာပေမဲ့ Rainတို့အားမြင်မြင်ချင်းပင်
ထိုသူက အတင်းပြန်ပိတ်ဖို့လုပ်လိုက်သည်။
သို့သော်လည်း၊ Rain၏နောက်မှအတူပါလာသည့်
လက်ထောက်နှစ်ယောက်က အရှေ့သို့တက်ကာ
တံခါးအား ပြိုင်တူကန်ဖွင့်လိုက်တာမို့
ထိုသူမထိန်းထားနိုင်တော့ဘဲ
နောက်သို့ ပစ်လဲကျတော့၏။"မင်း.. မင်းတို့က ဘယ်သူတွေလဲ "
အစက တံခါးခေါက်သံအား
အခန်းဝန်ဆောင်မှုပေးသည့်waiterတွေထင်ခဲ့ပေမဲ့
ဖွင့်ပြီးပြီးချင်းမှာပင် အရုပ်တစ်ရုပ်လို
အခန်းထဲပြန်လွင့်စင်လာသည့်သူ့ပါတနာကြောင့်
ဦးဆက်ပိုင်စိုး လန့်ဖြန့်လို့ထရပ်မိတော့သည်။"ဘယ်သူလဲဆိုတော့... ကျုပ်ပဲ ဦးဆက်ပိုင် "
အခြေအနေမကောင်းမှန်းသိတော့
အခန်းထဲရှိနေသည့်အခြားတစ်ယောက်ကပါ
ထွက်ပြေးဖို့လုပ်လိုက်ပေမဲ့
Rainရဲ့လူတွေလက်ထဲ ဖမ်းချုပ်ခံလိုက်ရတာနှင့်သာ အဆုံးသတ်သွားခဲ့ရပြန်သည်။Rainက ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည့်
လူတစ်စုကိုကျော်ကာ
ဦးဆက်ပိုင်စိုး၏ရှေ့မှခုံတွင် အေးအေးလူလူ
ခြေချိတ်လို့ထိုင်လိုက်သည်။"Ra..Rain.. မင်းဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"
ဘာစကားမှမပြောဘဲ သူ့ကိုသာ
တည့်တည့်စိုက်ကြည့်နေသည့်Rainကြောင့်
ဆိုဖာခုံမှာ ဆူးချွန်တွေစိုက်ထားသလိုမျိုး
ဦးဆက်ပိုင်စိုး အိနြေ္ရရနှင့် မထိုင်နေနိုင်တော့။"ဆရာ .. ဒီလူနှစ်ယောက်ကို
ကျွန်တော် ဘာဆက်လုပ်လိုက်ရမလဲ""သူတို့နဲ့ထိုက်သင့်တဲ့အပြစ်ကိုပဲပေးမှဖြစ်မှာပေါ့
နှစ်ယောက်စလုံးကို ရဲစခန်းခေါ်သွားလိုက်! "