Part 1

554 66 9
                                    

Unicode

တနင်္လာနေ့ကို လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က
မုန်းတီးကြပါတယ်။ ဟုတ်တာပေါ့။ ကျောင်းဖွင့်တဲ့
တနင်္လာ၊ ရုံးတက်ရတဲ့ တနင်္လာ .. ဒီလိုနေ့က
မနှစ်မြို့စရာ သိပ်ကောင်းပါတယ်။

ဒါပေမဲ့ Kim Seungmin ကတော့
တနင်္လာနေ့ကို မမုန်းတဲ့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းထဲက
ဖြစ်တယ်။ သူ့အတွက်တော့ တနင်္လာဟာ
ရက်သတ္တပတ်သစ်တစ်ခုရဲ့ စတင်ခြင်းပါပဲ။

ကျောင်းသားကျောင်းသူ ရုံးသမားတွေနဲ့
အသက်ဝင်နေတဲ့လမ်းမဟာ သူ့အမြင်မှာတော့
ရောင်စုံတဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

လေညှင်းအေးအေးတို့က ငြိမ်သက်နေတဲ့
သစ်ပင်တို့ကို လှုပ်ရှားစေတယ်။ ထိုလှုံ့ဆော်မှုကြောင့်
အပင်ပေါ်မှ သစ်ရွက်လေးတွေဟာ လွင့်ကြွေရတယ်။
ယင်းသစ်ရွက်တို့ကြား ပန်းလေးတစ်ပွင့် အတူရောကြွေလာတာကို
မြင်မိတော့ Seungmin လက်တစ်ဖက်ကို ဖြန့်ထုတ်လိုက်သည်။

သူ့ဆန္ဒကို ပန်းကလေးဟာ သိနေသည့်အလားပါပဲ။
လက်ဖဝါးပေါ် အလိုက်သင့်လေး ကျဆင်းလာခဲ့တယ်။
ဒီအခြင်းအရာသေးသေးလေးက Seungmin အဖို့တော့
အပြုံးတစ်ခုကို ဖြစ်တည်စေသည်အထိဖြစ်တယ်။

ပန်းဝါကလေးကို အတူယူလာရင်း ကျောင်းဝန်းထဲကို
သူ့ခြေလှမ်းတို့ကို ဆက်လိုက်သည်။ နာရီကြည့်လိုက်တော့
ကျောင်းတက်ချိန်ဟာ တော်တော်ကို လိုပါသေးတယ်။
သူ့ရဲ့မနက်ခင်းဟာ တကယ်ကို အဆင်ပြေနေတာပဲ။

"အတန်းခေါင်း​ဆောင် !"

မျက်စိစုံမှိတ်ရင်း သက်ပြင်းတစ်ခုချမိသည်။
သူ အတွေးစောသွားတာပဲ။

အညိုရောင်ဖိနပ်လေးတစ်စုံဟာ သူ့ဘေးမှာ
စုံလာရပ်တယ်။ ဒီအရှုပ်ထုပ်နဲ့ သံသရာလည်ရပါဦးမယ်။

"ဒီနေ့ ကျောင်းလာတာ စောတာပဲ။
တနင်္လာနေ့မှာတောင် တက်ကြွနေတာ
ငါတို့အတန်းခေါင်းဆောင်ကတော့ လုံးဝစံပဲ"

လက်မလေးတထောင်ထောင်နဲ့ ပြောနေတဲ့
အရှုပ်ထုပ်က သူ့ရဲ့မလိုလားခြင်း အရိပ်အယောင်ကို
မရိပ်မိဘူးထင်ပါသည်။ ဒါမှမဟုတ်၊ ရိပ်မိလျက်နဲ့
မသိချင်ယောင်ဆောင်နေတာဖြစ်မည်။

Chasing The Class PresidentWhere stories live. Discover now