အပိုင်း(၁)

967 34 3
                                    

Unicode

"အစပြုခြင်း"

တစ်ပတ်လုံးလုံး ကြိုတင်ရှင်းလင်းထားပါလျက်နှင့် ဒေါ်နန်းမြိုင်မူမှာ စိတ်တိုင်းမကျနိုင်သေးချေ။ဒီကနေ့ အပေါ်ထပ်အခန်းကို Decorationဆင်တာမို့ အမြင်ကျယ်သည်ဟု ယူဆလျက် သူ့ကို ဦးဆောင်၍ ပြင်ဆင်စေလေသည်။မနက်ဖြန် နိုင်ငံခြားမှ ပြန်လာမည့် သားဖြစ်သူ စိတ်ငြိုငြင်မှာ စိုးရိမ်သည်မို့ ဟိုလူ့ခိုင်းလိုက် ဒီလူ့ခိုင်းလိုက်ဖြင့် နေရာတကာမှာ ဒေါ်နန်းမြိုင်မူ ပါနေရသည်။

"ငါ့သားက အဖြူရောင်ကိုသိပ်ကြိုက်တာ၊ လိုက်ကာတွေ၊ ‌မွေ့ရာခင်းတွေ၊ ခြင်ထောင်၊ခေါင်းအုံးစွပ်ကအစ ငါ့သားစိတ်ကြိုက် အဖြူရောင်‌တွေပဲဖြစ်နေပါစေ"

ထို့သို့ခိုင်းနေစဉ် ဒေါ်နန်းမြိုင်မူဘေးမှ ဖြတ်လျှောက်သွားသည့် ပိုးဖြူကိုမြင်ကာ ခိုင်းရန် အတွေးများပေါ်လာပြန်သည်။

"ဟဲ့! ပိုးဖြူ ငါခိုင်းထားတာတွေအကုန်လုပ်ပြီးပြီလား"

"ဟုတ်ကဲ့ ပြီးပါပြီ"

"ငါ့သား အဝတ်အစားတွေကော အကုန်လျှော်ပြီး မီးပူတိုက်ပြီးပြီလား"

"ပိုးဖြူ တိုက်ထားပြီးလို့ ဗီရိုထဲတောင်နေရာတကျစီထည့်ပြီးသွားပါပြီ"

"အေးအေး ပိုးဖြူ! ဈေးလည်းဒီညနေ သွားဝယ်ကြနော်၊ သားက ဟိုမှာနေရတာ နှစ်ကြာနေပြီဆိုတော့ တို့မြန်မာထမင်းဟင်းကို လွမ်းနေရှာမှာ"

"ဟုတ်ကဲ့ အန်တီမြိုင်"

"မရီလှကို ပြောလိုက်!မနက်ဖြန်အတွက် ဟင်းလျာကို ငါ့သားထမင်းမြိန်မဲ့အရသာနဲ့ ဟင်းမျိုးချက်လို့"

"ဟုတ်ကဲ့ပါ အန်တီမြိုင်!"

ပိုးဖြူက ခေါင်းငုံ့ကာ ‌‌သူတို့အိမ်၏ထမင်းချက်ဖြစ်သည့် ဒေါ်ရီလှရှိရာ နောက်ဖေးဘက်သို့ လျှောက်သွားလေသည်။ဒေါ်နန်းမြိုင်မူ ဧည့်ခန်းဘက်သို့လှည့်ကြည့်လိုက်ရာ မျက်စိထဲကန့်လန့်ဖြစ်နေသည့်အရာကြောင့် စိတ်ထဲမတင်ကျဖြစ်လာပြန်သည်။

"ဟဲ့! ငပြည့်!...ဟိုမှာတိမ်လွှာ ပန်းချီကားချိတ်ဖို့ပြင်နေတာ သွားကူလေ၊ ဘယ့်နှယ် တက်ရမှာကအမြင့်ကြီး လှေကားလေးဘာလေး ဝိုင်းထိန်းကိုင်ပေးမယ်မရှိဘူး၊ သွား!အောက်က ကိုင်ပေးထားလိုက်"

Egocentric Way Of Attaching Cloud Where stories live. Discover now