Ep2 Black Agent's Love Story )📚📚
နွေဦးရဲ့အငွေ့အသက် ပြေးမထွက်နိုင်လောက်အောက် ပူနေခဲ့ပြီကျွန်းအိမ်
လေးရဲ့ ရှေ့မှာ စိမ်းလန်းတဲ့ ရာသီပင်တွေကြား ခပ်ရိုးရိုး လူငယ်လေး
တစ်ယောက် စိုက်ခင်းတွေကိုရေဖြန်းနေပြီး.. မလှမ်းမကမ်း မှာရှိတဲ့
ထန်းရွက်တဲ လေးထဲအရက်ပုလင်းလေးငြိမ်သက်စွာ သုံးဆောင်နေတဲ့..
နှုတ်ခမ်းမွေးရှရှနဲ့ လူတစ်ယောက် လူငယ်လေး ရေဖြန်းတာကို ကြည့်ရင်း
တွေးတောနေလေရဲ့.....
‘’တို့ အကို ဇိုင်း ကတော့ ဘာတွေ ဆွေးနေပြီလဲမသိဘူး...’’
အကို ရေ...’’ ကျတော် ရေဖြန်းပြီးရင် နားတော့မယ်နော် ‘’
‘’အေး...ငါ့ညီ..ပြီး ရင် ရေချိုးပီး အိမ်ဝရန်တာပေါ်မှာ ခွက် အသင့်လုပ်ထားလိုက်...’’
ဟုပ် ကိုဇိုင်း....’’ သောက်လို့ မဝသေးဘူးလားမသိဘူး ထချအူးမယ်ထင်တယ်
လူငယ်လေး... တီးတိုးစွာ ပြောဆိုနေလေရဲ့....
ခဏ..အကြာ...ခြံတံခါး ရှေ့ ဆိုင်ကယ်သံကြားခဲ့ရတယ်..
ညီလေး ရေ delivery လာပို့တယ် သွားယူလိုက်အူးဟ..’’
ဟုပ်အကို...ဟုပ်.. ‘’’အကိုတို့မှာထားတဲ့ Rum ရယ် ဆိတ်ထောင်းရယ်၊ကန်စွန်းပလိန်းနဲ့... လာပို့ တာ...စစ်ကြည့်ပါအူး
‘’ အာ... မစစ်တော့ပါဘူးကွာ....ဘယ်လောက်ကျလဲ...
‘’ဟုပ်...အကုန်လုံးပေါင်း....၂၃၅၀၀ ပါ..