May 15 , 2002
မိုးတွေ တအိအိရွာတတ်တဲ့ မေလရဲ့
လလယ်ပိုင်းမှာ ဟန်ဘင်းနီးအတွက်
လက်ဆောင်လေးတစ်ခု ရောက်ရှိလာခဲ့တယ် ။ဟန်ဘင်းနီးတို့ ဘေးခြံမှာနေတဲ့
ကနေဒါကပြောင်းလာတယ်ဆိုတဲ့
အန်တီလှလှလေးက
ကလေးလေးမွေးလိုက်ပြီတဲ့လေ ။ကလေးလေးက ယောင်္ကျားလေး ၊
မေမေပြောတာတော့
"ငါတို့ဘင်းနီးလေးတော့
ချစ်စရာ ညီကလေး ရပြီ"တဲ့ ။"ချစ်စရာ ညီလေး " အဲ့စကားကို
ဘင်းနီးသိပ်နားမလည်ဖူး ။
တဖွဖွ ရွတ်နေမိရင်း ညီလေးကို
တွေ့ဖို့သာ လောနေခဲ့တယ် ။ညီလေးကို ဘင်းနီး ပထမဆုံးစတွေ့တော့
သေးသေးလုံးလုံး နီနီရဲရဲလေးမို့
အရမ်းအံ့ဩခဲ့ရတာ ။"ချတော်ဘယ်ရီလေးနဲ့ တူတယ် သေးသေးလေး"လို့
တအံ့တဩ ပြောတော့ ၊ မေမေက ပြောတယ်"ညီညီလေးကို ချစ်တယ်ဆို အကုန်အလိုလိုက်ပြီး
ချစ်ပေးရမှာနော် ၊ ဘင်းနီးက အခုကစပြီး လူကြီးဖြစ်သွားပြီ"တဲ့ ။မေမေ့စကားကို ခေါင်းကလေးငြိမ့်ပြရင်း
တွေးနေမိတယ် ...ဘေးအိမ်က အန်တီလှလှလေးရဲ့ဗိုက်ထဲကနေ
ဒီလို ချစ်စရာ ပိစိသေးသေးလေးကို
ဘယ်သူကများ ပို့ပေးပါလိမ့် လို့ပေါ့ ။ညီကလေးသေးသေးလေးကို ထည့်ထားတဲ့
လှည်းက အမြင့်ကြီးပဲ ။
လေးနှစ်သား ဘင်းနီးအတွက်တော့
ခြေဖျားတွေထောက်လိုက်ရင်တောင်
ချစ်စရာညီညီလေးကို ကြည့်ဖို့အထိ
မစွမ်းသာပြန်ဘူး ။ခြေဖျားထောက်နေတုံးမှာပဲ မေမေက
ညီညီလေးကို ချီပြတယ် ။
"ဘင်းနီးရဲ့ ညီလေးနော် "
" ညီညီလေးကို အများကြီး ဂရုစိုက်ပြီး ချစ်ရမယ် "ဆိုပြီး မေမေက ထပ်ပြောပြန်တယ် ။"ဟုတ်ကဲ့ မေမေ "လို့ ပြန်ပြောရမယ့်အစား
"ဘင်းနီးက ညီညီလေးကို တစ်သက်လုံး
စောက်ရှောက်ပါ့မယ် မေမေ"လို့ ပြန်ဖြေခဲ့တယ် ။ဘင်းနီး ဖြေတာ ဘာမှလည်း အမှားမပါပဲနဲ့
မေမေရော အန်တီလှလှလေးရောက
ရယ်နေတာလေ ။"ညီညီလေးက ဘင်းနီးညီလေးလေ ၊ တစ်သက်လုံး စောင့်ရှောက်မှာပေါ့ " တစ်သက်လုံး...
မွေးကင်းစကလေးငယ်လေးကတော့ ပြုံးပြနေသယောင် ....
ဒါကတော့ ဆောင်းဟန်ဘင်းနဲ့ မက်သရူးတို့ရဲ့
ပထမဆုံးစာမျက်နှာ ဖြစ်လာခဲ့တာပါပဲ ။................... ****** ......................
ရေးဖို့ကို တွေးထားခဲ့တာ ကြာနေပြီဆိုပင်မယ့်
အခုမှ ရေးဖြစ်တဲ့ ဇာတ်လမ်းလေးပါရယ် ။
အပိုင်းအရမ်းအရှည်ကြီးဖြစ်မယ်လည်း မတွေးထားပါဖူး ။ ဒီအတိုင်း ဟိုဟိုဒီဒီကို သဘောကျစရာလေးတွေပဲ ရေးဖို့ တွေးထားတာမို့ ဘာဓားမှ မပါပဲ ချိုချိုုလေးမို့ ဖတ်ကြည့်ပြီး ဝေဖန်ပေးပါဦးနော် ။စာဖတ်သူများကို ကျန်းမာရွှင်လန်းဖို့
အမြဲဆန္ဒပြုလျက် မက်မွန်သီး ။💛
YOU ARE READING
Lover (Binthew)
Short Storyကိုယ့်အသက်ဆုံးသည့်အချိန်အထိ ကာကွယ်စောင့်ရှောက်ဖို့ ကတိပြုပါတယ် ။ 🌸