Chapter(2)

472 24 0
                                    

သက်တန့်ရဲ့နာမည်ကိုကြားပြီး‌သောအခါနန်းဆက်ရဲ့နှုတ်ခမ်းတွင်မဲ့ပြုံးတစ်ခုလှလှပပလေးဖြစ်တည်လာခဲ့ရင်းပြောလိုက်သောစကားက ဤသို့ဖြစ်သည်။

"လူနဲ့မှမလိုက် နာမည်ကကြီးကျယ်လိုက်တာ"

ထိုသို့သောစကားလုံးတို့ဖြင့်ပြောဆိုတိုက်ခိုက်လိုက်သည့် နန်းဆက်ရဲ့အပြုအမူကြောင့် သက်တန့်ရဲ့ဒေါသတို့ ဆူဝေလာရသည်။

"ဘာ...."

နန်းဆက်က သက်တန့်ရဲ့ခံစားချက်ကို လစ်လျူရှု၍ သက်တန့်ကိုစကားလုံးများဖြင့် ဆက်လက်နှိပ်ကွပ်နေခဲ့၏။

"ဪ....မင်းလိုငတိမလေးက ခမ်းခမ်းနားနား နာမည်နဲ့မို့လို့ အံ့ဩမိတာပါ။သက်တန့်မျှော်စင်ဆိုတာ သိပ်ကိုခမ်းနားကြီးကျယ်တဲ့မျှော်စင်ကြီးတစ်ခုဆိုတာ ကိုယ်ကြားဖူးတယ်လေ"

"ဒီကမ္ဘာပေါ်မှာ ရှင်တစ်ယောက်ထဲ ကြီးကျယ်မြင့်မြတ်တယ်လို့ ခံယူထားသလား"

"အဲ့ဒီလိုတော့မဆိုလိုပါဘူး။ဒါပေမယ့် မင်းကတော့ဘာမှမဟုတ်ဘူးလေ။မင်းကိုကြည့်ရတာ အရှုံးသမားတစ်ယောက်လိုပဲမို့လို့......."

"ရှင်က မုန်းတီးစရာစကားလုံးတွေပြောတတ်ဖို့ပဲ သင်ကြားခြင်းခံခဲ့ရတာများလား........"

"စွာလိုက်တာ။ကိုယ့်ကိုဘယ်သူမှ ပြန်ခံပြောလေ့မရှိဘူး။မင်းက...."

"ဒီမှာ အဒေါ်ကြီး။ရှင့်ရဲ့အချိုးမပြေတဲ့လေသံကို သက်တန့်က လက်ခံပေးရမှာလား။မရဘူး။ရှင့်ကိုဂရုမစိုက်ဘူး"

"ကိုယ့်ကိုပြန်ခံမပြောစမ်းပါနဲ့။ကိုယ်က ခပ်စွာစွာလူတွေကို သိပ်ကြည့်မရတတ်လို့....."

"ရှင့်ကို ဘာကြောင့်ဂရုစိုက်ရမလဲ။လူတိုင်းကို ရှင့်ကျွန်တွေများထင်နေသလား....အဒေါ်ကြီးရဲ့"

"မင်း......"

နန်းဆက်၏စကားလုံးတိုင်းကိုပြန်ခံပြောနေသဖြင့် နန်းဆက်က ကျစ်ခနဲလုပ်၍ ပြောနေသောစကားသံတို့ကို ရပ်တန့်လိုက်ပါသည်။သက်တန့်ကို နောက်ထပ်စကားဆက်မပြောတော့ပါ။

သက်တန့်ကလည်း ဂရုမစိုက်ပါဘူး။သူစကားဆက်မပြောတော့ကောင်းတာပေါ့။နားငြီးသက်သာသည်ဟု တွေးပစ်လိုက်သည်။

သက်တန့်မျှော်စင်💛Where stories live. Discover now