"မွေးနေ့နီးလာပြီမလား? ဘာလက်ဆောင်ပေးရမလဲ?"
"မလိုပါဘူး, မဝယ်ပေးပါနဲ့, ကျွန်တော့်အနားမှာ ရှိပေးရင်ရပြီ"
"အဲ့လိုမလုပ်စမ်းပါနဲ့ ယူဂျင်းရာ, ပြောစမ်းပါ ကိုယ့်ကို"
"အတည်ဗျ, ဟျောင်းက ကျွန်တော်ပြောတာတွေကို ဘယ်တော့မှ အတည်ယူမှာလဲ?"
"ကောင်းပါပြီ ဒါဆိုလည်း, ကိုယ်တို့ ရုပ်ရှင်သွားကြည့်ကြတာပေါ့"
"တကယ်နော်!"
မျက်လုံးလှလှလေးတွေဟာ မျှော်လင့်ချက်တွေပြည့်နှက်သွားတိုင်း တောက်တောက်ပပဖြစ်လာသည်။
"အင်း"
"ဒီတစ်ခါတော့ ကတိမဖျက်ရဘူးနော်"
နှုတ်ခမ်းလေးဆူကာပြောတော့ ဂယူဘင်းရင်ထဲမကောင်း, ပေးထားသမျှ ကတိတွေ ချိုးဖောက်မိတိုင်း ဂယူဘင်းက တောင်းပန်စကားပြောရုံနှင့်သာ ပြီးသွားပေမဲ့, ယူဂျင်းမှာတော့ ထိုအဖြစ်အပျက်တွေကို ရင်ထဲစွဲမှတ်ထားသည်။
"ဒီတစ်ခါ ဘာဖြစ်ဖြစ်, ကိုယ်မင်းဆီ အရောက်လာခဲ့မှာ"
"ပြီးတာပဲ"
"ဒါဆို ကိုယ်သွားတော့မယ်နော် ယူဂျင်း"
"ဂရုစိုက်"
ဂယူဘင်းထွက်သွားသည်နှင့် ယူဂျင်းမှာ အခန်းထဲခုန်ပေါက် ပြေးလွှားမိတော့သည်။
"မေမေ, မေမေ!"
"ပြောပါရှင်"
အောက်ထပ်က မေမေမှာ သူ့အသံကြားသည်နှင့် အပေါ်တက်လာပြီး အခန်းဝ၌ ခါးထောက်ကာရပ်ကြည့်နေသည်။
"ဟီး, မွေးနေ့ကျ သားကိုမုန့်ဖိုးပဲ ပေးတော့နော်, ဟျောင်းက ရုပ်ရှင်လိုက်ပြမယ်တဲ့"
"အေးပါ, အေးပါ, အရင်ရက်တွေကပြောတော့ ဂယူဘင်းလေးကို စိတ်ကောက်နေတာဆိုပြီး, အခုမနက် မျက်နှာလေးလာပြသွားတာနဲ့ ငါ့သားက စိတ်ပျော့သွားပြန်ပြီလား?"
"ဟုတ်ပါဘူးနော်, စိတ်ကကောက်ပေမဲ့လည်း, အစ်ကိုက မအားတဲ့ကြားက လာရတာကို"
"ဟုတ်ပါပြီတော်, မင်းကိုကြီး ဟန်ဘင်းက ညနေအိမ်ရောက်မှာတဲ့, အဲ့ဒါ ပြင်ဆင်ထားဦး"
YOU ARE READING
𝘓𝘰𝘷𝘪𝘯𝘨 𝘠𝘰𝘶 𝘜𝘯𝘵𝘪𝘭 𝘛𝘩𝘦 𝘌𝘯𝘥
Fanfictionချစ်တယ်နော် ယူဂျင်းလေး, ဆက်ပြီးတော့လည်း လှလှပပလေး ကြီးပြင်းပေးပါဦး, ကိုယ့်ကိုလည်း ဆက်ချစ်ပေးပါ